Healthy Life Ad
Health Tips

ခံတွင်းနံ့နှင့်ကိုယ်နံ့ နံခြင်းကင်းပြီး သင်းပျံ့စေမည့်ဖျော်ရည်

၊ စူး(ဆေးဝါးတက္ကသိုလ်) ၊

အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ ပန်းသီး၊ သံပရိုသီး၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံပင်နဲ့ ချင်း (ဂျင်း) စတဲ့ ပါဝင်ပစ္စည်းတွေဟာ အဆိပ်အတောက်ကင်းစင်စေပြီး ရောင်ရမ်းမှုကို တွန်းလှန်ပေးနိုင်တဲ့အစွမ်း ရှိပါတယ်။ ဒါ့အပြင်သင့်ခန္ဓာကိုယ်ကို အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားပိုးတွေ နည်းစေပါတယ်။ အဲဒီဖျော်ရည်သောက်တာကြောင့် ခန္ဓာကိုယ်ထဲကဘက်တီးရီးယားတွေ ကင်းစင်စေတဲ့အတွက် အနံ့ဆိုးကင်းစင်စေလို့ မနက်ခင်းမှာသောက်လိုက်ရင် တစ်နေ့တာလုံး ခံတွင်းအနံ့ဆိုးထွက်တာနဲ့ ကိုယ်နံ့ဆိုးထွက်တာကို ကင်းစင်စေမှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

– ပန်းသီး အလတ်စားအရွယ် နှစ်လုံး၊

– သံပရိုသီး တစ်လုံး၊

– ဂေါ်ဖီထုပ် ငါးရွက်၊

– တရုတ်နံနံပင် တစ်ပင်၊

– ချင်း (ဂျင်း) အနည်းငယ်။

ပြုလုပ်နည်း

(၁) ပါဝင်ပစ္စည်းအားလုံးကို သေချာဆေးကြောပါ။

(၂) သံပရိုသီးကို အရည်ညှစ်ထားပါ။ (အခွံကို လွှင့်ပစ်လိုက်ရပါမယ်)

(၃) အဲဒီနောက် ပါဝင်ပစ္စည်းအားလုံးကို မွှေစက်ထဲထည့်ပြီး သမအောင်ရောမွှေလိုက်ပါ။

(၄) ချက်ချင်းသောက်လိုက်ရင် အင်တီအောက်ဆီးဒင့်ကို ရရှိစေပါတယ်။

ကောင်းကျိုးများ

wed_apple

– ပန်းသီး

ပန်းသီးမှာရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် ကိုယ်တွင်းမသန့်စင်မှုတွေ ကင်းစင်စေပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်တဲ့အတွက် အဆိပ်အတောက်တွေကို ပြေလျော့သွားစေပါတယ်။ ပန်းသီးမှာပါတဲ့ အင်တီအောက်ဆီးဒင့်က ပန်းသီးအခွံမှာ အဓိကပါဝင်နေပါတယ်။

wed_lemon

– သံပရိုသီး အရည်

သံပရိုသီးအရည်ဟာ အဆိပ်အတောက် ပြေလျော့စေတဲ့အရာဖြစ်ပြီး ဗီတာမင်စီပါဝင်တဲ့အတွက် အင်တီအောက်ဆီးဒင့် အာနိသင်နဲ့ဘက်တီးရီးယားပိုး ကင်းစင်စေတဲ့အစွမ်း ရှိပါတယ်။

wed_cabbage1

– ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်ဟာ အဆိပ်အတောက်တွေကိုသာမက ဘက်တီးရီးယားပိုးတွေကိုလည်း ကင်းစင်စေပါတယ်။ ဆာလဖာဒြပ်ပေါင်း ပါဝင်လို့ဖြစ်ပါတယ်။

web_cilantro

– တရုတ်နံနံပင်

တရုတ်နံနံပင်ဟာ ကျောက်ကပ်နဲ့ အစာခြေလမ်းကြောင်းစနစ်ကို အားကောင်းစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ တရုတ်နံနံပင်က ခံတွင်းနံ့သင်းပျံ့စေတဲ့ အဓိကအစာပါ။

wed_genger

– ချင်း (ဂျင်း)

ချင်း (ဂျင်း) ဟာ ရောင်ရမ်းမှုကျစေတဲ့ ဂုဏ်သတ္တိရှိပြီး ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top