Healthy Life Ad
Life Style

အလုပ်သစ် စလုပ်တဲ့အခါ တိုးတက်အောင်မြင်မှုရစေဖို့ ဘယ်လိုပြုမူသင့်သလဲ . . .

အလုပ်သစ် စလုပ်တဲ့အခါ အလုပ်ရှင်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ကိစ္စနဲ့ ပတ်သက်ဆက်နွှယ်နေရသူတွေ အားလုံးက သင့်ကိုအလုပ်စလုပ်တဲ့ ရက်အနည်းငယ်အတွင်းမှာ အထင်အမြင်ကြီးစေဖို့နဲ့ အနာဂတ်ကာလအထိ ကိုယ့်ဂုဏ်သိက္ခာကို ထိန်းနိုင်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို အကြံပြုလိုက်ပါတယ်။

(၁) စောစော ထသွားပါ

အလုပ်စတက်တဲ့ ပထမဆုံးရက်မှာ အထင်ကြီး လေးစားမှု ရှိဖို့ရာအတွက် အလုပ်ခွင်ကိုအချိန်မီရောက်ရှိသင့် ပါတယ်။ ဖြစ်နိုင်ရင် အလုပ်ချိန်မတိုင်ခင် ၁၀-၁၅ မိနစ်အလိုကတည်းက လုပ်ငန်းခွင်ကို ရောက်ရှိနေပြီး အလုပ် အတွက်အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ အလုပ်စ
တက်တဲ့နေ့မှာ လုပ်ငန်းခွင်ကို အချိန်မီမရောက်တာမျိုး မဖြစ် သင့်ပါဘူး။

(၂) နားထောင်ပြီး အတည်ပြုပါ

လုပ်ငန်းခွင်မှာ သင်လုပ်ရမယ့် တာဝန်ဝတ္တရားနဲ့ ရယူရမယ့်အောင်မြင်မှုပန်းတိုင်ကို သိနားလည်အောင် ကြိုးစား ပါ။ သင့်အထက်လူကြီးက ရှင်းပြတဲ့အခါ သေချာအာရုံစိုက်ပြီး နားထောင်ပါ။ အလွဲအမှား မဖြစ်ချင်ရင် မှတ်စုစာ အုပ်တစ်အုပ်ထဲမှာ ရေးမှတ်ထားသင့်ပါတယ်။

(၃) မေးခွန်းမေးရန် မကြောက်ပါနှင့်

ဝန်ထမ်းအသစ်အများစုက နားမလည်တဲ့အခါ ပြန်မေးဖို့တွန့်ဆုတ်တတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လုပ်လိုက်ရင် အလွဲလွဲ အ
ချော်ချော်ဖြစ်သွားနိုင်ပါတယ်။ အဲဒီအခါအထင်သေးခံရတာ၊ ဆူပူခံရ တာတွေဖြစ်တတ်တဲ့ အတွက် အဲဒီလိုမဖြစ်စေဖို့အစကတည်းကနားမလည်တာရှိရင် ပြန်မေးသင့်ပါတယ်။

(၄) နောင်ဖြစ်လာနိုင်သည့်အရာအတွက် ကြိုတင်ပြင်ဆင်ပါ

အလုပ်တွေရဲ့ဖြစ်စဉ်က တစ်ခါနဲ့တစ်ခါမတူပါဘူး။ သင်ကအလုပ်မှာ ကျွမ်းကျင်ပြီးပါရမီပါရင်တောင်မှ တစ်ခါတ လေ ဖြစ်လာတဲ့အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲလုပ်ဆောင်ရတာတွေရှိပါတယ်။ အလုပ်ထဲမှာ ထူးချွန်တဲ့ ဝန်ထမ်းကောင်းဖြစ်ချင်ရင် နောင်ဖြစ်လာနိုင်တဲ့ အခြေအနေအရပ်ရပ်အတွက် ကြိုတင်ဆန်းစစ်ထားသင့်ပါ တယ်။

(၅) မိမိအလုပ်စားပွဲကို ရှင်းလင်းပါ

လုပ်ငန်းခွင်က သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်ဖြစ်နေဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် သင့် လုပ်ငန်းခွင်နေရာကို
သေချာစနစ်တကျနေရာချပြီး သန့်ရှင်းရေးလုပ်ဆောင်ပေးရပါမယ်။ သင်က မီးဖို ဒါမှမဟုတ် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရသူဆိုရင်မျက်စိထဲမှာ မြင်နေရတဲ့အမှိုက်တွေကို သေချာပစ် တာ၊ သုံးပြီးသားပန်းကန်တွေကို ဆေးတဲ့နေရာမှာ ထားတာ၊ ဘေစင်ကိုသန့်ရှင်း
ရေးလုပ်တာ စတာတွေကို ကူညီလုပ်ကိုင် ပေးသင့်ပါတယ်။

(၆) အပြောမကြီးပါနှင့်

ပထမဆုံးနေ့မှာ ကိုယ်ကဘယ်လိုလုပ်တတ်တာ၊ ဘယ်လိုတော်တာဆိုတာမျိုးကြွားဝါပြီး မပြောသင့်ပါဘူး။ ကိုယ်လုပ်နိုင်တဲ့တာဝန်ကို
အေးအေးဆေးဆေး ပြောပြတာကသင့်ကိုပိုပြီး အထင်အမြင်ကောင်းစေပါတယ်။ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ ကျွမ်းကျင်မှုတွေကို ယုံကြည်စိတ်ချလို့ သင့်အလုပ်ရှင်က သင့်ကိုငှားရမ်းခဲ့တာဖြစ် ပါတယ်။ သင့်ကိုပေးအပ်လာတဲ့တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်နိုင်
လိမ့်မယ်လို့ ယုံကြည်ပြီး ခန့်အပ် ခဲ့တာပါ။ ဒါကိုစိတ်ထဲမှာ အမြဲမှတ်ထားသင့်ပါတယ်။

(၇) ရေတိုပန်းတိုင်များ ချမှတ်ပါ

လုပ်ငန်းခွင်ထဲက ဝန်ထမ်းကောင်းတွေအနေနဲ့ လစဉ် လစဉ် ကိုယ့်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တိုးတက်သ ထက်တိုးတက်နေအောင် ရေတိုပန်းတိုင်တွေ ချမှတ်သွားသင့်ပါတယ်။ ဒီလိုပန်းတိုင်ငယ်တွေ ချမှတ်ထားတာက အလုပ်မှာ စွမ်းဆောင်နိုင်စွမ်းပိုမြင့်တက်စေတဲ့
နည်းဖြစ်ပါတယ်။

(၈) ကိုယ့်အလုပ်ကို လုပ်ဆောင်ပါ

ဝန်ထမ်းကောင်းတွေက ကိုယ်လုပ်ရမယ့် အလုပ်ထဲမှာပဲ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်တတ်ပါတယ်။ အ လုပ်ထဲမှာ ကိုယ့်အလုပ်ကိုပဲ အကောင်းဆုံး စွမ်းဆောင်နိုင်အောင် လုပ်လိုက်လေ့ရှိကြပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အလုပ်ကို ဘယ်လိုလုပ်တယ်၊ ဘယ်လိုမလုပ်ဘူး စတာတွေအပေါ် အာရုံစိုက်လေ့မ ရှိကြပါဘူး။

(၉) အတင်းအဖျင်းကို နားမထောင်ပါနှင့်

လုပ်ငန်းခွင်မှာ တခြားသူတွေအကြောင်း အတင်းအဖျင်းလာပြောတာကို နားမထောင်ပါနဲ့။ တချို့ဆိုရင်အုပ်စုဖွဲ့ ပြီး အတင်းအဖျင်းပြောတာမျိုး နဲ့ အချိန်ကုန်နေတတ်ပါတယ်။ အဲဒါတွေကို နားထောင်ပြီး အချိန်ပေးနေတာက ကိုယ့်ကိုယ်ရည်ကိုယ်သွေး နဲ့ လုပ်ဆောင်နိုင်စွမ်းကိုထိခိုက်ညှိုးနွမ်းစေပါတယ်။

(၁၀) တက်ကြွစွာ နေထိုင်ပါ

လုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်စိတ်ကို အပြည့်အဝထားရှိပြီး အာရုံစူးစိုက်လုပ်ဆောင်ပါ။ အလုပ်ထဲမှာ ဘာတွေ ကို ဆန်းသစ်တီထွင်ချင်တယ်ဆိုတာ မျိုး အထက်လူကြီးကိုအကြံဥဏ်ပေးပါ။ အလုပ်ထဲမှာစိတ်အားထက်သန်
မှု အပြည့်နဲ့ လုပ်ဆောင်တာက ရေရှည်အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်လာမှာပဲဖြစ်ပါတယ်။

၊ ကိုမိုး ၊ (Ref;wikihow)

Most Popular

Healthy Life Ad
To Top