Healthy Life Ad
Health Tips

အလုပ်လုပ်ရင်း နွမ်းနယ်ပင်ပန်းနေသလား . . .

အမျိုးသားအိပ်စက်မှုဆိုင်ရာ ဖောင်ဒေးရှင်းရဲ ့ လေ့လာမှုအရ ဝန်ထမ်း ၃၄ ရာခိုင်နှုန်းဟာ အလုပ်ထဲမှာ နွမ်းနယ်နေတဲ့အတွက် တရေးအိပ်ခွင့်ရကြောင်း သိရပါတယ်။ ကံမကောင်းစွာပဲ ဝန်ထမ်းတိုင်းကတော့ ဒီစည်းစိမ်ခံစားခွင့်ကို မရရှိတတ်ကြပါဘူး။ ဒီလိုတရေးအိပ်ခွင့်မရတဲ့ ဝန်ထမ်းတွေအတွက် လုပ်ငန်းခွင်မှာ နွမ်းနယ်တဲ့အခါ လန်းဆန်းအပန်းပြေသွားအောင် လုပ်ဆောင်သင့်တဲ့ နည်းလမ်းသုံးသွယ်ကို အကြံပြုလိုက်ပါတယ်။

နည်းလမ်း (၁) အကြောဆန့်ထုတ်ပါ

အကြောဆန့်ထုတ်တာဟာ ကြွက်သားတွေဆီ သွေးစီးဆင်းမှု အားကောင်းစေပြီး ပိုမိုလန်းဆန်းတက်ကြွစေပါတယ်။ ကိုယ့်ထိုင်ခုံမှာပဲ ဒီလိုလုပ်ဆောင်နိုင်အောင် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပါ။ ပြီးရင် ခါးကို ရှည်နိုင်သမျှရှည်အောင် ဆန့်ထုတ်ပေးပါ။ အဲဒီနောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို ဘယ်ဘက်သို့ လိမ်လိုက်ပြီး ထိုင်ခုံနောက်မီပေါ် ၁၀ စက္ကန့်လောက် မှီလိုက်ပါ။ အဲဒီနောက်ဘက် ပြောင်းလုပ်ပါ။

နည်းလမ်း(၂) ရနံ့မွှေးသော ပီကေဝါးပါ

ရနံ့မွှေးတဲ့ ပီကေ ဒါမှမဟုတ် လက်ဖက်ရည်သောက်တာဟာ ချက်ချင်းလန်းဆန်းပြီး ကိုယ်ခံစွမ်းအားကောင်းမွန်စေပါတယ်။

နည်းလမ်း(၃) အသက်ပြင်းပြင်းရှူပါ

စူးစိုက်အားနည်းပြီး နွမ်းနယ်လာရင် ပခုံးကို မတ်မတ်ထား၊ ရင်ဘတ်ကိုဖွင့်ပြီး အသက်ဝ၀ရှူသွင်း၊ ရှူထုတ်လုပ်ပေးပါ။ လေးကြိမ်လောက် လုပ်လိုက်ရုံနဲ့ စိတ်နဲ့ခန္ဓာကို အနားရစေပြီး အာရုံစူးစိုက်အား ကောင်းမွန်စေပါတယ်။

Most Popular

Healthy Life Ad
To Top