Healthy Life Ad
Health Tips

သက်ရှည်ကျန်းမာသူ ဘိုးဘိုးဘွားဘွားတို့ သုံးနေကျ သဘာဝ အိမ်တွင်းကုထုံးများ

စူး (ဆေးဝါးတက္ကသိုလ်)

(၁) ကြို့ထိုးလျှင်

ကြို့ထိုးတဲ့အခါ သက်သာချင်ရင် ပိုက်တစ်ချောင်း လိုပါတယ်။ ရေတစ်ဖန်ခွက်ကို ပိုက်နဲ့ စုပ် သောက်ရမှာပါ။ ရေသောက်တဲ့အခါ မေးရိုးနဲ့ လည်ပင်းဆုံတဲ့ နေရာကို လက်ညှိုးထိပ်နဲ့ ဖိပြီး သောက်ပေးရင် ကြို့ထိုးတဲ့ဝေဒနာ သက်သာသွားပါလိမ့်မယ်။

(၂) အင်းဆက် အကိုက်ခံရလျှင်

ကြက်သွန်နီမှာ ဆာလဖာဒြပ်ပေါင်း ပါတဲ့အတွက် အရေပြားယားယံစေတဲ့ ဓာတ်တွေကို ဓာတ်ပြယ်စေပါတယ်။ ကြက်သွန်တစ်ဥကို ထက်ခြမ်းခြမ်းပြီး အင်းဆက်အကိုက်ခံရတဲ့ နေရာပေါ် သုတ်လိမ်း လိုက်ပါ။ ကျန်တဲ့ ကြက်သွန်နီကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။

(၃) နှုတ်ခမ်းကွဲလျှင်

ကြက်ဆူဆီကို နှုတ်ခမ်းသားပေါ် သုတ်လိမ်းပေး တာကြောင့် တစ်နေ့လုံး နှုတ်ခမ်းသား စိုပြည်နေပါ လိမ့်မယ်။ အပြင်ထွက်တဲ့အခါ နေကာနိုင်စွမ်း SPF ၁၅ ဆပါရှိတဲ့ နှုတ်ခမ်းနီ ဆိုးပါ။

(၄) နှာခေါင်းသွေးယိုလျှင်

သွေးလျှံရင် ငုံ့ပြီး နှာခေါင်းကို လက်ညှိုးနဲ့ လက်မသုံးကာ ငါးမိနစ်လောက် ဖိပေးလိုက်ပါ . . နှာခေါင်း သွေးလျှံတာ ရပ်သွားပါလိမ့်မယ်။

(၅) ဗောက်ထလျှင်

ဆံပင်ကို ကွန်ဒီရှင်နာလိမ်းပြီး ခေါင်းလျှော် လိုက်ပါ။ ပြီးရင် ရှလကာရည် လိမ်းပြီး ခေါင်းလျှော် လိုက်ပါ။ ရေနဲ့ စင်အောင်ဆေးရပါမယ်။

(၇) ကိုယ်နံ့နံလျှင်

ချွေးပေါက်ပိတ်တာက ကိုယ်နံ့နံစေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ် သေတွေ ကင်းစင်ဖို့ ကိုယ်တိုက်ဘရပ်ရှ်ကို သုံးရပါမယ်။ အဲဒီအခါ အဆိပ်အတောက်တွေ ကင်းစင်သွား စေပြီး တစ်ကိုယ်လုံးအနှံ့ သွေးလှည့်ပတ်မှု ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

(၈) ခံတွင်းနံ့ နံလျှင်

တရုတ်နံနံပင်က ခံတွင်းနံ့ နံတာကို သက်သာ စေပါတယ်။ တရုတ်နံနံပင်မှာ ပါတဲ့ ကလိုရိုဖီးလ်က ဘက်တီးရီးယား ပိုးတွေကို သေစေပြီး ခံတွင်းအနံ့ဆိုး ကင်းစေပါတယ်။ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူစားပြီး တဲ့အခါ ဒါမှမဟုတ် ခံတွင်းနံ့က ချဉ်နေတဲ့အခါ တရုတ်နံနံပင်ကို စားပေးနိုင်ပါတယ်။

(၆) မီးပူလောင်လျှင်

လာဗန်ဒါဆီကို မီးပူလောင်တဲ့ ဒဏ်ရာပေါ် သုတ်လိမ်းပေးတာကြောင့် အနာကျက်နှုန်း မြန်ပြီး အမာရွတ်ထင်တာကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top