Healthy Life Ad
Health Tips

မျက်နှာနုပျိုစေဖို့ သစ်သီးနဲ့ ပေါင်းတင်ရအောင်

လရိပ်မေ

သစ်သီးနဲ့ ပေါင်းတင်ပေးလိုက်တာနဲ့ အသားအရေ အိုမင်းတဲ့ လက္ခဏာတွေကို လျော့ပါးသွားစေပါတယ်။ အသက်ကြီးလာတဲ့အခါ အသားအရေက ပိုပါးလာပြီး ဆွဲဆန့်နိုင်စွမ်းကလည်း လျော့ကျလာပါတယ်။ အဲဒီအချိန်မှာ အသားအရေ နုပျိုစွာ ကြည်လင် တောက်ပနေအောင် သဘာဝ အိမ်တွင်းပစ္စည်း တွေနဲ့ပေါင်းတင်ပေးဖို့ လိုအပ်ပါတယ်။

သဘာဝသစ်သီးဖြင့် ပေါင်းတင်ခြင်း

ပါဝင်ပစ္စည်းများ

– ကြိတ်ချေထားတဲ့ ထောပတ်သီး လက်ဖက်စား ဇွန်းလေးဇွန်း၊

– ကြိတ်ချေထားတဲ့ သင်္ဘောသီး လက်ဖက်စားဇွန်း လေးဇွန်း၊

– ဗာဒံစေ့ဆီ ဒါမှမဟုတ် သံလွင်ဆီ လက်ဖက်စား ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း

(၁) ပန်းကန်လုံးတစ်လုံးထဲ ထောပတ်သီးနဲ့ သင်္ဘောသီးကို ရေထည့်ပါ။

(၂) ပြီးရင် ဆီထည့်ပြီး သမမျှတအောင် မွှေပါ။

လိမ်းနည်း

(၁) အဲဒီအရောအနှောကို လည်ပင်းနဲ့ မျက်နှာမှာ လိမ်းပါ။

(၂) ညင်ညင်သာသာ နှိပ်ပေးပါ။

(၃) အချိန် ၅-၁၀ မိနစ်ကြာ ထားပါ။

(၄) ရေအေးနဲ့ ဆေးပြီး ခြောက်အောင် ထားလိုက်ပါ။

(၅) မျက်နှာကို အစိုဓာတ်ထိန်း ခရင်မ်လိမ်းပေးပါ။

ဒီနည်းလမ်းကို နေ့တိုင်း တစ်နေ့ တစ်ကြိမ်ပြု လုပ်ပေးရင် အသားအရေ နုပျိုကြည်လင်လာမှာ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းတို့၏ အသုံးဝင်ပုံများ

– ဗာဒံစေ့ဆီ / သံလွင်ဆီ
အသားအရေ ခြောက်သွေ့မှု မဖြစ်အောင် ကာကွယ်ပေးပြီး သဘာဝ အစိုဓာတ်ထိန်း အာနိသင် ရှိပါတယ်။

– ထောပတ်သီး
ထောပတ်သီးမှာ ဗီတာမင်အီး များစွာ ပါဝင်တဲ့ အတွက် အသားအရေကို ကျန်းမာစေပြီး အသားအရေလှအောင် ထိန်းသိမ်းပေးပါတယ်။ အိုမင်းမှု လက္ခဏာတွေ လျော့ပါးပြီး အသားအရေကို နေရောင်ခြည်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– သင်္ဘောသီး
သင်္ဘောသီးဟာ ဝက်ခြံဖြစ်နှုန်း လျော့ကျစေပြီး ဗီတာမင်အေ ပါဝင်တဲ့အတွက် အသားအရေကို အာဟာရဓာတ် ရောက်ရှိစေပါတယ်။ မျက်နှာ အရေးကြောင်းတွေ၊ တွန့်ကြောင်းတွေနဲ့ တခြား အိုမင်းတဲ့ လက္ခဏာတွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

Most Popular

Healthy Life Ad
To Top