Healthy Life Ad
Health Tips

အိပ်ရာဝင်ပြီး တစ်မိနစ်မကြာမီ အိပ်မောကျသွားစေမည့် လှည့်ကွက်များ

မီမိုး (ဆေးဝါးတက္ကသိုလ်)

အိပ်ရေးပျက်တာကြောင့် မျက်တွင်းကျတာ အပြင် နောက်တစ်နေ့ တစ်ရက်လုံး အိပ်ငိုက်စေနိုင်ပါတယ်။ ဒါ့အပြင် တခြား ကျန်းမာရေး ပြဿနာများစွာ ဖြစ်စေနိုင်ပါတယ်။ ညစဉ် ညတိုင်း ၇-၈ နာရီ အိပ်စက်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အိပ်ရေး ပျက်ပြီး နောက်တစ်နေ့မှာ လန်းဆန်းမှု မရှိဘဲ နုံးချည့်နေတတ်ပါတယ်။ ညတိုင်း အိပ်ရေးပျက်တာ ကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေကတော့-

(၁) တွေးခေါ်မြော်မြင်နိုင်စွမ်း လျော့ကျခြင်း၊

(၂) လိင်စိတ်ဆန္ဒ လျော့ကျခြင်း၊

(၃) စိတ်ဓာတ်ကျခြင်း၊

(၄) အရွယ်မတိုင်ခင် အရေပြား အိုမင်းခြင်း၊

(၅) ကိုယ်အလေးချိန် မြင့်တက်မှုရှိခြင်း၊

(၆) နှလုံးခုန်နှုန်း ပုံမမှန်ဖြစ်ခြင်း၊

(၇) သွေးတိုးခြင်း၊

(၈) နှလုံးသွေးကြောရောဂါ အန္တရာယ်မြင့်မားခြင်း၊

(၉) ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများခြင်း စတာတွေဖြစ်ကြပါတယ်။

အိပ်ဆေးတွေရှိပေမယ့် အိပ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုး အနည်းအများဆိုသလို ဖြစ်တတ်ပါ တယ်။ တချို့အိပ်ဆေးတွေ ဆိုရင် ရေရှည်စွဲသောက် တာကြောင့် အသက်ရှူမဝတာ၊ လေပြွန်ရောင်တာ လို ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်သလို ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ ပါးစပ်ခြောက်တာ၊ အာခေါင်ခြောက်တာ၊ ခေါင်းကိုက်တာ၊ အား နည်းတာ၊ နုံးချည့်တာ၊ ရင်ပူတာ၊ ဗိုက်နာတာ၊ လက် နဲ့ ခြေထောက်တွေ ထုံကျဉ်တာ၊ ထုံးစံ မဟုတ်တဲ့ အိပ်မက်တွေ မက်တာတို့ ဖြစ်တတ်ပါတယ်။

အိပ်ဆေးနဲ့ ဓာတ်မတည့် ဖြစ်တတ်သူ တချို့ဆိုရင် ပျို့ချင်အန်ချင်ဖြစ်တာ၊ ပျို့အန်တာ၊ ရင်ဘတ် အောင့်တာ၊ အသက်ရှူမဝတာ၊ အရေပြား ယားယံတာ၊ အင်ပျဉ်ထတာ၊ အရေပြားနီမြန်းတာ၊ အမြင် ဝါး တာ၊ မျက်စိရောင်တာ စတာတွေ ဖြစ်လာတတ်ပါ သေးတယ်။

ဒီလို အိပ်ဆေးနဲ့လည်း အဆင်မပြေ၊ အိပ်လို့လည်း မပျော်တဲ့သူတွေအတွက် ညတိုင်း နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေမယ့် သဘာဝ နည်းလမ်း တွေ အမြောက်အများ ရှိနေပါတယ်။

“4-7-8” အသက်ရှူနည်း

အရိုးစင်းဆုံးနဲ့ ထိရောက်မှု အရှိဆုံး နည်းလမ်း ကတော့ “4-7-8” အသက်ရှူနည်းပဲ ဖြစ်ပါတယ်။ အဲဒီနည်းကို သုံးလိုက်ရင် အချိန် တစ်မိနစ်မကြာခင် အိပ်မောကျသွားမှာ ဖြစ်ပါတယ်။

ပြုလုပ်နည်း
1k
(၁) အချိန် “4”စက္ကန့်ကြာတဲ့အထိ နှာခေါင်းနဲ့ ဖြည်းဖြည်းချင်း အသက်ရှူသွင်းပေးပါ။ အဆုတ်ထဲ လေတွေ ပြည့်တဲ့အထိ ရှူသွင်းပေးရပါမယ်။

(၂) အချိန် “7”စက္ကန့်ကြာ အသက်ရှူအောင့်ထားပါ။

(၃) ပါးစပ်ကနေ အသက်ရှူထုတ်လိုက်ပါ။ အချိန် “8”စက္ကန့်ကြာတဲ့အထိ အဆုတ်ကနေ လေတွေ လုံးဝကုန်အောင် အသက်ရှူထုတ် ပေးရမှာပါ။ “4-7-8” အသက်ရှူနည်းဟာ နှလုံးခုန်နှုန်းကို လျော့ကျ စေပြီး အသက်ရှူနှုန်းကိုလည်း နှေးသွား စေတဲ့ အတွက် ညည ကောင်းကောင်း အိပ်မောကျစေပါတယ်။ ဒီနည်းလမ်းဟာ သင့်ခန္ဓာကိုယ်ကို အပန်းပြေ သွားစေတဲ့အတွက် စိတ်ဖိစီးမှုများနေချိန်၊ စိတ်ထဲ တင်းကျပ်လွန်းနေချိန်နဲ့ ပူပင်သောကများ နေချိန် တွေမှာ ဒီအသက်ရှူနည်းကို လုပ်ဆောင်ပေးသင့်ပါတယ်။

အခြားနည်းလမ်းကောင်းများ

“4-7-8” အသက်ရှူနည်းကို အိပ်ရာထဲ ရောက်ချိန်မှာ လုပ်ပေးရမှာဖြစ်ပြီး ညည အိပ်ရေးဝ၀ အိပ်ပျော်စေဖို့ တခြားအချိန်တွေမှာ အောက်ပါနည်းလမ်း တွေကို ဆောင်ရွက်ပေးရပါမယ်။

လာဗန်ဒါရနံ့ဆီ ရှူရှိုက်ပါ။

နေ့လယ်စာ စားပြီး ကော်ဖီနဲ့ ကဖင်းဓာတ် ပါတဲ့ အရည်တွေရှောင်ပါ။

စီးကရက်မသောက်ပါနဲ့။

အိပ်ခန်းကို အေးမြပြီး တိတ်ဆိတ်ငြိမ်သက် အောင်ထားပါ၊ အိပ်ချိန်မှာ မီးကို အမှောင်ချ ထားပါ။

အိပ်ချိန်မတိုင်ခင် အချိန် ၃-၄ နာရီအလိုမှာ လေ့ကျင့်ခန်း မလုပ်ပါနဲ့။

ယောဂကျင့်ပါ ဒါမှမဟုတ် တရားထိုင်ပါ။

ညလယ်စာ သရေစာအဖြစ် အဆီများတဲ့ အစာ တွေကို ရှောင်ရပါမယ်။

Most Popular

Healthy Life Ad
To Top