Healthy Life Ad
International

ကမ္ဘာ့မျိုးပွားမှုအကောင်းဆုံး သုက်ပိုးအလှူရှင်၊ ကလေးစုစုပေါင်း ၈၀ဝ ကျော်တို့၏ ဖခင်ဖြစ်လာ

၊ မိုးမင်းထွန်း ၊

အသက် ၄၁ နှစ်အရွယ် ဆိုင်မွန်ဝက်ဆန်ဟာ သုက်ပိုးလှူဒါန်းတဲ့လုပ်ငန်းကို ဖေ့စ်ဘွတ်ခ်ကတစ်ဆင့်ကြေညာပြီး သူ့အခေါ်မှော်ဆေးရည်ကို ပေါင် ၅၀ နဲ့ အမျိုးသမီးတွေကိုရောင်းချတယ်လို့ သိရပါတယ်။ သူဟာ ဒီလုပ်ငန်းကိုလုပ်ဆောင်ခဲ့တာ ၁၆ နှစ်ကျော်ခဲ့ပြီဖြစ်ပြီး အနိမ့်ဆုံးခန့်မှန်းခြေ ကလေး ၈၀ဝ ကျော်တို့ရဲ့ဖခင်ဖြစ်ခဲ့ကာ ၁၀ဝ၀ ကျော်အထိ တောင်ရှိနိုင်တယ်လို့ သူကဝန်ခံပါတယ်။

“၂၀၁၄ ခုနှစ်မှာ နိုင်ငံ ၁၂ နိုင်ငံဝန်းကျင်ကလူတွေကို ကူညီခဲ့ပါတယ်။ ကျွန်တော့်မှာ စပိန်ကနေထိုင်ဝမ်အထိ ကလေးတွေရှိပြီး ဒါဟာကမ္ဘာ့စံချိန်ပါပဲ “ လို့ ဆိုင်မွန်ကပြောပါတယ်။

လန်ဒန်၊ ဝင်ဘလေမှာနေထိုင်တဲ့ ဝက်ဆန်ဟာ ယူကေနဲ့ကမ္ဘာအနှံ့မှာနေထိုင်တဲ့ အမျိုးသမီးတွေကို ကားပါကင်တွေ၊ ဟိုတယ်တွေမှာတွေ့ဆုံပြီး သူရဲ့သုက်ပိုးကို အပတ်တိုင်းပေးကမ်းလေ့ ရှိပါတယ်။

“ နောက်ထပ်ပြီးပထမအကြိမ် စမ်းသပ်သူတစ်ယောက်က အလုပ်ဖြစ်သွားပါတယ်။ ဒါဟာ သုံးရက်အတွင်းမှာ ကိုယ်ဝန်ရသွားသူ သုံးယောက်ရှိသွားပါပြီ။ ဒါပေမဲ့ အရင်နှစ်က ၈ နာရီအချိန်အတွင်းမှာ သုံးယောက်ကိုယ်ဝန်ရတာနဲ့ နှိုင်းယှဉ်ရင် နည်းပါသေးတယ်” လို့ ပြီးခဲ့တဲ့အောက်တိုဘာက သူရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ဆိုင်မွန်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အောင်မြင်သွားတဲ့ဇာတ်ကြောင်းတွေနဲ့ သူရဲ့ဇီဝဗေဒကလေးတွေရဲ့ ပုံတွေပြည့်နှက်နေပါတယ်။

“ အမျိုးသမီးတွေဟာ ဈေးကြီးပြီးအချိန်ကြာတဲ့ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးရရှိအောင်ပြုလုပ်တဲ့ တခြားကုသမှုတွေနဲ့နှိုင်းယှဉ်ရင် ကျွန်တော့်သုက်ပိုးနဲ့ ကလေးရအောင်ကြိုးစားတာက ငွေအကုန်အကျများစွာ သက်သာပါတယ်။ မျိုးအောင်ဖို့ကုသပေးတဲ့ ဆေးခန်းကိုသွားရင် အကြံပေးဆက်ရှင်တွေ၊ စမ်းသပ်မှုပေါင်းစုံတွေနဲ့ ငွေအမြောက်အများ ကုန်ကျမှာပါ။ ပုဂ္ဂလိကအလှူရှင် တစ်ယောက်သာရမယ်ဆိုရင် သူနဲ့တွေ့ဆုံကာ သုက်ပိုးကိုယူပြီး ကလေးရရှိအောင် ပြုလုပ်ရုံပါပဲ “ လို့ ဆိုင်မွန်က BBC ကို ပြောပါတယ်။

ဒါပေမဲ့ ဒီလိုလိုင်စင်မရှိတဲ့နည်းလမ်းတွေကို အသုံးပြုရင် မျိုးရိုးလိုက်ရောဂါတွေ၊ လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုရရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

အမျိုးသားသုက်ပိုးအလှူရှင်အဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် လော်ရာဝစ်ဂျန်က “ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်ကလေးရဲ့လုံခြုံမှုအတွက် ပေါင် ၁၅၀ဝ လောက်မှမသုံးချင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် မိဘဖြစ်သင့်ရဲ့လားလို့ ပြန်မေးသင့်ပါတယ်။ ကလေးရရှိဖို့ဆိုတာ အရမ်းသတိထားရတဲ့အလုပ်ပါ” လို့ ဝေဖန်ခဲ့ပါတယ်။
ဝက်ဆန်ရဲ့ ဖောက်သည်အမျိုးသမီးတစ်ယောက်ကတော့ “လိင်တူစုံတွဲတွေအတွက် ကလေးရရှိဖို့ဟာ အလွန်ခက်ခဲပါတယ်။ ပေါင်ထောင်ပေါင်းများစွာ ကုန်ကျရုံသာမက မိဘဖြစ်ဖို့အရည်အချင်း ပြည့်မီပါတယ်ဆိုတဲ့ ထောက်ခံချက်ရဖို့ တစ်နှစ်ပြီးတစ်နှစ် စောင့်ရပါတယ်။ ပေါင် ၅၀ နဲ့ မိဘဖြစ်မယ့် အခွင့်အရေးရဖို့ဆိုတာ ကြုံခေါင့်ကြုံခဲပါပဲ။ ဆိုင်မွန်ကို အရမ်းကျေးဇူးတင်ပါတယ်။ နောက်ထပ်လည်း သူနဲ့ထပ်တွေ့ပြီး ကြိုးစားဖို့ စီစဉ်ထားပါတယ်”လို့ သူရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးထားပါတယ်။

အရင်က သုက်ပိုးလှူဒါန်းမှုမှတစ်ဆင့် ကလေးအများဆုံးရရှိတဲ့ စံချိန်ရှင်က ဘာ့တိုးဝစ္စနာဖြစ်ပြီး ကလေး ၆၀ဝ ဦးကျော် ရရှိခဲ့ပါတယ်။ ၁၉၄၀ ကျော်နှစ်တွေက သူ့ဇနီးဟာ ပုဂ္ဂလိကဆေးခန်းတစ်ခုမှာ ကလေးလိုချင်တဲ့ အမျိုးသမီးတွေကို သူရဲ့သုက်ပိုးနဲ့ မေထုန်မဲ့သားစပ်ပေးခဲ့တာ ဖြစ်ပါတယ်။

(Ref;Telegraph)

Most Popular

Healthy Life Ad
To Top