Healthy Life Ad
Health Tips

သင့်အသားအရေအတွက် ဘယ်သောအခါမှမလုပ်သင့်သည့် အကျင့်များ

၊ လရိပ်မေ ၊

အသားအရေကြည်လင်တောက်ပအောင် ကြိုးစားနေချိန်မှာ အသားအရေထိခိုက်စေမယ့် အကျင့်တွေကို ရှောင်သင့်ပါတယ်။

– ပုံမှန်ညဉ့်နက်မှ အိပ်ရာဝင်ခြင်း

ညစဉ်လိုလို ညဉ့်နက်မှအိပ်ရာဝင်တာက သင့်အသားအရေအတွက် မသင့်တော်ပါဘူး။ အဲဒီအခါ ခန္ဓာကိုယ်ထဲမှာ ကော်တီစောအဆင့်မြင့်တက်ပြီး မျက်ကွင်းညိုတတ်ပါတယ်။ ဒါ့အပြင် မျက်နှာသွေးကြောတွေ ဖောင်းတွန့်နေတတ်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ညစဉ်ရှစ်နာရီလောက် အိပ်ချိန်ရအောင် အိပ်စက်အနားယူ ပေးသင့်ပါတယ်။

– ဖုန်မှုန့်များကို လှည်းကျင်းမှုမရှိခြင်း

သင့်အသားအရေက အမြဲလိုလိုညစ်နွမ်း ထိခိုက်နေရင် ဒါကဓာတ်မတည့်တဲ့ ဝေဒနာခံစားနေရတာ ဖြစ်နိုင်ပါတယ်။ အခန်းထဲမှာ ဖုန်မှုန့်တွေရှိနေရင် မျက်ရည်ပူကျတာနဲ့ မျက်နှာဖောင်းအစ်တာတို့ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးက ခေါင်းအုံးစွပ်နဲ့အိပ်ရာခင်းတွေကို တစ်ပတ်တစ်ခါ ရေနွေးနဲ့ လျှော်ဖွပ်ပါ။ စောင်ကိုမကြာခဏ နေပူလှမ်းပေးပါ။

– အရက်သောက်ခြင်း

ညတိုင်းအရက်သောက်တာကြောင့် မျက်နှာအသားအရေကို ထိခိုက်စေပြီး မျက်စိနီမြန်း စေနိုင်ပါတယ်။ နောက်တစ်နေ့မနက်မှာ ခေါင်းကိုက်တာနဲ့ အရက်နာကျတာတို့ ဖြစ်တတ်ပါတယ်။ အဲဒီအခါ လုံလောက်တဲ့ အနားရမှုမရှိဘဲ မျက်ကွင်းညိုတာနဲ့ အသားအရေညစ်နွမ်းတာတို့ ဖြစ်တတ်ပါတယ်။

– အစာစားသောက်ပုံ မကောင်းခြင်း

အဆီအအိမ့်များတဲ့အစာနဲ့ အဆင်သင့်အစာတွေ စားတာကြောင့် မနက်ခင်းမှာ မျက်လုံးဖောင်းအစ် နေနိုင်ပါတယ်။ အစာထဲမှာပါတဲ့ ဆိုဒီယမ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက သင့်ခန္ဓာကိုယ်ထဲမှာ အရည်စုဆောင်းမှုဖြစ်စေပြီး မျက်နှာနဲ့ကိုယ်ခန္ဓာကို ဖောင်းအစ်မှု ဖြစ်စေနိုင်ပါတယ်။ ဆီကြော်စာကို လျှော့စားပြီး လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ ဟင်းရွက်သုပ်တွေကို စားပေးပါ။

(Ref;TOI)

Most Popular

Healthy Life Ad
To Top