Healthy Life Ad
Health Tips

အမည်းစက် ကင်းစင်စေမည့် သဘာဝ ပစ္စည်းများ

၊ လရိပ်မေ ၊

မျက်နှာချောမွေ့အပြစ်ကင်းစေလိုတဲ့ လူတွေမှာ အမည်းစက်တွေ ထင်တတ်ပါတယ်။ အသက်အရွယ်ကြီးတာ၊ ပဋိဇီဝပိုးသတ်ဆေး မှီဝဲတာ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရတာ၊ ကိုယ်ဝန်ရှိတာ၊အသည်းရောဂါဝေဒနာ ခံစားရတာ စတဲ့အခြေအနေတွေမှာ အရေပြားကနေ ရောင်ခြည်ပစ္စည်းထွက်ရှိပြီး အမည်းစက် ထင်တတ်ပါတယ်။ အမည်းစက်တွေကို သဘာဝနည်းနဲ့ ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ သဘာဝပစ္စည်းတွေကို သုံးသင့်ပါတယ်။

a2
(၁) ရှားစောင်းလက်ပပ် = အသားအရေအားပြည့် သစ်လွင်စေသော အစွမ်း

ရှားစောင်းလက်ပပ်မှာ ဘက်တီးရီးယားဆန့်ကျင်ဂုဏ်သတ္တိနဲ့ အသားအရေကို ပြန်လည်အားဖြည့်ပေးတဲ့ အစွမ်းပါရှိပါတယ်။ ရှားစောင်းလက်ပပ် အနှစ်သားကို မျက်နှာအသားအရေပေါ် နေ့စဉ်နေ့တိုင်း သုတ်လိမ်းတဲ့အတွက် အမည်းစက်တွေ ဖျော့တော့သွားစေပါတယ်။ အမည်းစက်ပေါ် ရှားစောင်းလက်ပပ်လိမ်းပြီး အသားအရေကို နှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။

a1
(၂) ငှက်ပျောသီးနှင့် သံပရိုသီး = အသားအရောင်ညီစေသည့် တွဲစပ်မှု

အသားအရောင်ညီပြီး အသားအရေတင်းရင်းစေဖို့ အကောင်းဆုံးအတွဲအစပ်က ငှက်ပျောသီးနဲ့ သံပရိုသီးပဲ ဖြစ်ပါတယ်။ ငှက်ပျောသီးတစ်လုံးကို အခွံခွာပြီးကြိတ်ချေကာ သံပရိုသီးအရည်နဲ့ ရောလိုက်ပါ။ ပြီးရင် အမည်းစက်ပေါ် နေ့တိုင်းလိမ်းပေးတာကြောင့် အမည်းစက်တွေဖျော့တော့ပြီး တခြားနေရာတွေနဲ့ အသားအရောင် ညီသွားပါလိမ့်မယ်။

a5
(၃) သံပရိုရည် = အသားဖြူစေသော အရည်

သံပရိုသီးကနေ အရည်ညှစ်ပြီး ဝါဂွမ်းစနဲ့စုပ်ယူကာ အမည်းစက်တွေပေါ် သုတ်လိမ်းပေးပါ။ ငါးမိနစ်လောက် ခပ်ကြမ်းကြမ်းသုတ်လိမ်းပေးလိုက်ရင် သံပရိုရည်ထဲမှာပါတဲ့ စစ်ထရစ်အက်ဆစ်ဟာ အရေပြားဆဲလ်သေတွေကို ကင်းစင်စေပြီး အသားအရေရှိ အမည်းစက်တွေ မှိန်ဖျော့သွားစေပါတယ်။

a4
(၄) ကြက်သွန်နီ = သက်ကြီးအစက်အပြောက် ကင်းစင်စေသော အရာ

ကြက်သွန်နီကို ခပ်ပါးပါးလှီးပြီး အမည်းစက်တွေပေါ် ပွတ်လိမ်းပေးပါ။ နေ့တိုင်းငါးမိနစ်လောက် လုပ်ပေးရင် အမည်းစက်တွေ ဖျော့တော့သွားမှာ ဖြစ်ပါတယ်။

a3
(၅) သင်္ဘောသီး = ပက်ပိန်းအင်ဇိုင်း အစွမ်း

သင်္ဘောသီးမှည့်ကို အမည်းစက်ရှိတဲ့ အရေပြားနေရာပေါ် သုတ်လိမ်းပြီး အချိန်အနည်းငယ်ထားပေးပါ။ ပြီးရင် ရေအေးနဲ့ဆေးချလိုက်ပါ။ တစ်ပတ်မှာ ၃ – ၄ ကြိမ် ထပ်ခါထပ်ခါလုပ်ပေးရင် အသားအရောင် မှိန်ဖျော့သွားစေပါတယ်။ သင်္ဘောသီးမှာပါဝင်တဲ့ ပက်ပိန်းအင်ဇိုင်းက အရေပြားဆဲလ်သေတွေကို ကင်းစင်စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top