Healthy Life Ad
Q & A

အရေးပေါ်သန္ဓေတားဆေးသောက်ပြီး နောက်တစ်ရက် သွေးဆင်းလျှင် . . .

မေး – အရေးပေါ်သန္ဓေတားဆေးသောက်ပြီး နောက် တစ်ရက်မှာ သွေးဆင်းတာ အန္တရာယ်ရှိနိုင်ပါသလား။
….. သင်ဇာ

ဒေါက်တာစိုးလွင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး မှဖြေကြားသည် ၊

ဖြေ – အရေးပေါ် သန္ဓေတားဆေးကို ရာသီလာခါနီးမှာ သွားသောက်လိုက်လို့လား၊ ဘယ်အချိန်မှာ ဆေးကို သွားသောက်လိုက်လို့လဲ ဆိုတာ သိဖို့လိုပါတယ်။ တကယ်တော့ အရေးပေါ် သန္ဓေတားဆေး သောက်တယ်ဆိုတာက သက်သက်၊ သွေးဆင်းတယ်ဆိုတာ က သက်သက်ဖြစ်ပါတယ်။
ဆိုလိုတာက သွေးဆင်းတယ်ဆိုတာ အရေးပေါ် သန္ဓေတားဆေး သောက်တာနဲ့ ဆိုင်တော့ မဆိုင်ပါဘူး။ ဆေးသောက်လိုက်လို့ သွေးဆင်းတာမဟုတ်ပါဘူး။ ရာသီလာလို့ သွေးဆင်းတာ ဒါမှမဟုတ် တခြား အကြောင်းတွေကြောင့် သွေးဆင်းတာဆိုပြီး အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တကယ်ဆိုရင် အရေးပေါ် သန္ဓေတားဆေး သောက်လိုက်ရင် ရာသီနောက်ကျတာတောင် ဖြစ်နိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top