Healthy Life Ad
Health Tips

မျက်ကွင်းညိုခြင်းအတွက် အမြန်ဖြေရှင်းနည်းများ

ငွေကြယ်စင်ယံ

မျက်ဝန်းဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ တင်စားကြပေမယ့် မျက်ကွင်းညိုတာကတော့ ကျန်းမာရေး၊ ဘဝနေထိုင်စားသောက်မှု ပုံစံနဲ့ အလေ့အကျင့် စတာတွေနဲ့ ဆက်စပ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မျက်ကွင်းညိုတာက စိတ်ဖိစီးမှု၊ အိပ်ရေးမဝတာ၊ ဟော်မုန်း အပြောင်းအလဲဖြစ်တာ၊ မျက်ကွင်းညိုတဲ့ မျိုးရိုးရှိတာ စတာတွေနဲ့ ဆက်စပ်နေလို့ပါပဲ။ မျက်ကွင်းညိုတာကို ဘာမှမလုပ်ဘဲ ဒီအတိုင်းထား လိုက်ရင် မျက်ဝန်းက မှုန်မှိုင်းနေပြီး ကြည်လင်လှပမှု ကိုပါ ထိခိုက်စေနိုင်ပါတယ်။

မျက်ဝန်းအောက်က အရေပြားဟာ အလွန်အမင်း ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် မျက်ကွင်းညို တဲ့ ပြဿနာအတွက် လွယ်ကူမြန်ဆန်စွာ သက်သာ နိုင်တဲ့ သဘာဝကုထုံးတွေကို အကြံပြုလိုက်ပါတယ်။

(၁) ခရမ်းချဉ်သီး

မျက်ကွင်းညိုတာကို ကုသဖို့အတွက် ခရမ်းချဉ်သီးက အသုံးဝင်ပါတယ်။ ခရမ်းချဉ်သီးမှာ အသားအရေကို နူးညံ့ပျော့ပျောင်းစေတဲ့ အစွမ်းရှိလို့ပါ။

*….ဘယ်လို လုပ်သင့်သလဲ…*
ခရမ်းချဉ်သီးအနှစ် လက်ဖက်စားဇွန်း တစ်ဇွန်း ကို သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ရောမွှေပြီး မျက်ဝန်းအောက်မှာ လိမ်းပေးပါ။ အချိန် ၁၀ မိ နစ်ကြာမှ ရေနဲ့ဆေးချလိုက်ပါ။ ဒီနည်းကို တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၂) အေးမြသည့် လက်ဖက်အိတ်

အေးမြတဲ့ လက်ဖက်အိတ်က မျက်ကွင်းညို တာကို ကုသနိုင်တဲ့ နည်းလမ်းပါ။

*….ဘယ်လို လုပ်သင့်သလဲ…*
လက်ဖက်စိမ်း လက်ဖက်အိတ်ကို ရေထဲ စိမ် ထားပြီး ရေခဲသေတ္တာထဲ အအေးခံပါ။ ပြီးရင် မျက်ဝန်းပေါ်မှာ လက်ဖက်အိတ် နှစ်အိတ်ကို တစ်ဖက်စီ တင်ပြီး ခဏတာ နားနေလိုက်ပါ။

(၃) အာလူး

အာလူးမှာ သဘာဝ ကြေးချွတ်အာနိသင်ရှိတဲ့ အတွက် မျက်ဝန်းတစ်ဝိုက် ရောင်ရမ်းတာနဲ့ ညိုမည်း တာကို လျော့ပါးစေပါတယ်။

*….ဘယ်လို လုပ်သင့်သလဲ…*
အာလူးကို ပါးပါးလှီးပြီး မျက်ဝန်းတွေပေါ် ကပ် ထားပေးပါ။ ဒါမှမဟုတ် အာလူးကို ကြိတ်ပြီး ရလာ တဲ့အရည်ကို ဂွမ်းစနဲ့တို့ကာ မျက်ဝန်းပေါ် သုတ်လိမ်း ပေးပါ။ ၁၀ မိနစ်ကြာမှ ရေအေးနဲ့ ဆေးရမှာပါ။

(၄) နို့အေး

နွားနို့ဟာ မျက်ကွင်းညိုတာကို သက်သာစေပြီး အရေပြားနဲ့ မျက်ဝန်းကို အေးမြကြည်လင်တဲ့ အာနိသင် ပေးစွမ်းနိုင်ပါတယ်။

*….ဘယ်လို လုပ်သင့်သလဲ…*
နို့အေးထဲ ဂွမ်းစနှစ်ပြီး မျက်ဝန်းအနှံ့သုတ်လိမ်း ပေးပါ။ ခဏကြာမှ ရေနဲ့ဆေးလိုက်ပါ။

(၅) ရေခဲဝတ်

မျက်ဝန်းပေါ် ရေခဲဝတ်ကပ်ပေးတာကြောင့် မျက်ကွင်းညိုတာကို လျော့ပါးစေပါတယ်။

*….ဘယ်လို လုပ်သင့်သလဲ…*
ရေခဲထည့်ထားတဲ့ ပိတ်စ ဒါမှမဟုတ် ရေအေးထဲ နှစ်ထားတဲ့ ပိတ်စ ဒါမှမဟုတ် အေးခဲနေတဲ့ ဇွန်း စတာတွေကိုယူပြီး မျက်ဝန်းအောက်မှာဖိကပ်ပေးပါ။

(၆) လိမ္မော်ရည်

လိမ္မော်ရည်က မျက်ဝန်းကို သဘာဝအတိုင်း ကြည်လင်တောက်ပစေပြီး မျက်ကွင်းညိုတာကို လျော့ပါးစေပါတယ်။

*….ဘယ်လို လုပ်သင့်သလဲ…*
လိမ္မော်ရည်အနည်းငယ်ထဲ ဂလစ်ဆရင်းအလှဆီ အစက်အနည်းငယ် ရောထည့်ပြီး မျက်ဝန်းတစ် ဝိုက်သုတ်လိမ်းပေးပါ။
ဒီနည်းနဲ့အတူ အိပ်ရေးဝ၀ အိပ်စက်အနားယူတာ၊ ရေအများအပြား သောက်တာနဲ့ တရားထိုင်တာ စတာတွေကို တွဲဖက်လုပ်ဆောင်ပေးရင် မျက်ဝန်းကို အပန်းပြေလန်းဆန်းစေပြီး အသားအရေလည်း ကြည်လင်သွားစေပါတယ်။

(၇) ရေသောက်ခြင်း

ရေသောက်တာကြောင့် မျက်ဝန်းတစ်ဝိုက်မှာ သွေးစုပုံမှုမဖြစ်အောင် ကာကွယ်ပေးပြီးသွေးစီးဆင်း မှုကောင်းမွန်စေပါတယ်။ နေ့စဉ် ရေ ရှစ်ဖန်ခွက် လောက်သောက်ပေးရင် အဆိပ်အတောက်ကင်းပြီး အသားအရေ ကျန်းမာစေပါတယ်။ ဒါ့အပြင် တရား ထိုင်ပေးမယ်ဆိုရင် စိတ်တည်ငြိမ်မှုရရှိပြီး မျက်ကွင်း ညိုတာကို သက်သာစေရုံသာမက ခန္ဓာကိုယ်ရဲ့ ဇီဝနရီကို ဟန်ချက်ညီစေပါတယ်။

Most Popular

Healthy Life Ad
To Top