Healthy Life Ad
Q & A

သဝန်တိုတာက စိတ်ရောဂါလား . . .

မေး – ချစ်သူအပေါ် သဝန်အရမ်းတိုတဲ့စိတ်၊ အပြစ်ကို အမျိုးမျိုး ရှာတတ်တဲ့ စိတ်က စိတ်ရောဂါနဲ့ ဆိုင်ပါသလား ဆရာ။
….. နေခြည်၊ ကျောက်တံတား။

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး(ငြိမ်း) (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) မှဖြေကြားသည် ၊

ဖြေ – သဝန်တိုတယ်ဆိုတာ-

(၁) ပိုင်ဆိုင်လိုချင်တယ်ဆိုတဲ့ လောဘကြောင့်ပါ။

(၂) အဲဒီ ပိုင်ဆိုင်လိုချင်တယ်ဆိုတဲ့ လောဘရှိလို့ ပျောက်ဆုံးသွားမှာကို စိုးရိမ်တဲ့အတွက် ဒေါသက ပါလာတာပါ။ ပုထုစဉ်တွေရဲ့ သဘောတရားက အဲဒီ အတိုင်းပါပဲ။ လက်ခံနိုင်တဲ့ အတိုင်းအတာဆိုရင် တော့ရပါတယ်၊ အရက်လိုပေါ့။ စီးကရက်ဆိုရင် ကျန်းမာရေးနဲ့ လုံးဝ မညီညွတ်တဲ့အတွက် မသောက် သင့်ဘူးလို့ ဆေးပညာရှင်တွေက တညီတညွတ်တည်း ပြောထားကြတယ်။ ဒါပေမဲ့ အရက်ကိုတော့ အသင့်အတင် ့သောက်နိုင်တယ်ဆိုပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ လူ့အသိုင်းအဝိုင်းက လက်ခံထားပါတယ်။ အရက်ဆိုရင် အတိုင်းအတာ တစ်ခု အတွင်းမှာတော့ ရောဂါလို့ မသတ်မှတ်ဘဲ လူမှုရေး အရ အရက်သောက်တာ (Social Drinker)လို့ ခေါ်ပါတယ်။ လွန်ရင်တော့ အရက်စွဲရောဂါလို့ သတ် မှတ်ပါတယ်။ သဝန်တိုတာကလည်း အဲဒီလိုပါပဲ. . သဝန်တိုတယ်ဆိုတာ အတိုင်းအတာတစ်ခုထက် လွန်ရင်တော့ ရောဂါဖြစ်သွားပါတယ်။

Most Popular

Healthy Life Ad
To Top