၊ ZKO ၊
ဂျာမနီနိုင်ငံက ဝတ်လစ်စလစ်မော်ဒယ် ဘက်ရှိုင်းဟာ ရင်အတိုင်းအတာ ၅၉လက်မ၊ ခါးအတိုင်းအတာ ၂၈ လက်မ နဲ့ တင်ပါးအတိုင်းအတာ ၃၆ လက် မရှိပြီး ကမ္ဘာ့အကြီးမားဆုံး ရင်သားအတုရှိတဲ့အတွက် ဘရာစီယာအရွယ်အစား 32 Zကို ဝတ်ဆင်ရသူဖြစ်ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ဘက်ရှိုင်းဟာ ရင်သားတစ်ဖက်စီကို ရေငါးဂါလံနဲ့ညီမျှတဲ့ ဆားရည်အစားထိုးပစ္စည်း (၁၀ဝ၀ဝ စီစီ)ထိုးသွင်းထားပါတယ်။“ဘက်ရှိုင်းဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရင်သားပိုင်ဆိုင်ရတာကို သဘောကျပြီး အမြဲတမ်းလည်း ကြီးမားတဲ့ ရင်သား ပိုင်ဆိုင်နေမှာဖြစ်ပါတယ်”လို့ ဘက်ရှိုင်းရဲ့ တရားဝင်ဘလော့ဂ်မှာ ပြောထားပါတယ်။
ဘက်ရှိုင်းရဲ့ တွစ်တာအကောင့်မှာ Followers ဦးရေ တစ်သိန်းနှစ်သောင်းရှိပြီး သူတစ်နေ့ တစ်နေ့ ဘာတင်မလဲ ဆိုတာ စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြပါတယ်။ အရင်က ဘရာစီယာ A cup အရွယ်အစားပဲဝတ်ရတဲ့ ဘက်ရှိုင်းဟာ အခုဆိုရင် Z cup အရွယ်အစားအထိ ဝတ်ရပေမယ့် ကျန်းမာရေးအန္တရာယ်တွေတော့ ရှိပါတယ်။ အဲဒါက လေးလံလွန်းတဲ့ ရင်သားတွေကြောင့် ခါးနာဝေဒနာ အဖြစ်များတာပဲ ဖြစ်ပါတယ်။
(Ref;MD)