Healthy Life Ad
Health Tips

ဖရဲသီးကို ဘာကြောင့် စားသင့်သလဲ

(၁) – ဖရဲသီးစားတာကြောင့် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ထိန်းနိုင်ပြီး သွေးဖိအား ထိန်းချုပ်နိုင်ပါတယ်၊ ကြွက်တက်တာကိုလည်း သက်သာစေပါတယ်။

(၂) – ဖရဲသီးမှာ ဘီတာကယ်ရိုတင်းဓာတ် ပါဝင်တာကြောင့် အမြင်အာရုံ ကောင်းစေပြီး မျက်စိဆိုင်ရာ ဝေဒနာတွေ၊ အအေးမိဝေဒနာနဲ့ ကူးစက်ပိုးဝင်တဲ့ ဝေဒနာ တွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၃) – သွေးစီးဆင်းမှု ကောင်းမွန်စေတဲ့အတွက် နှလုံးသွေးကြောဆိုင်ရာ ပြဿနာမရအောင် ကာကွယ်ပေးပါတယ်။

(၄) – ဟော်မုန်း ဟန်ချက် ညီမျှစေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

(၅) – ဖရဲသီးမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ပါဝင်ပြီး သဘာဝသကြားဓာတ် ၁၀ ရာခိုင်နှုန်းအောက်ပဲ ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top