Healthy Life Ad
Health Tips

ကလေးအပါအဝင် တစ်မိသားစုလုံး နှလုံးကျန်းမာရေး ကောင်းနေအောင် အိမ်ရှင်မ လုပ်ပေးသင့်သော အရာများ

ငွေကြယ်စင်ယံ

သင့်ကလေး၊ သင့်ခင်ပွန်းနဲ့ သင်ကိုယ်တိုင် နှလုံး ကျန်းမာရေး ကောင်းမွန်နေအောင် သင့်တော် တဲ့ အစားအသောက်တွေ ကျွေးမွေးဖို့ အိမ်ရှင်မတွေ ဟာ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

(၁) အစာကို နည်းနည်းစီ မကြာခဏ ကျွေးပါ

ကလေးတွေ အပါအဝင် သင်တို့ တစ်အိမ်သားလုံးဟာ အစာကို တစ်ကြိမ်စားရင် နည်းနည်းနဲ့ မကြာခဏ စားတာက အဝလွန်ရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒီလို စားတာက အစာတွေ အလေအလွင့် မရှိစေသလို အစာချေဖျက်နှုန်းလည်း ကောင်းစေပါတယ်။

(၂) ကယ်လိုရီ ပါဝင်မှုများသော အစာကို တတ်နိုင်သမျှ လျှော့ပါ

အိမ်မှာ အစားအသောက်တွေ ဝယ်ယူတဲ့အခါ ဒါမှမဟုတ် အစားအသောက် ပြင်ဆင်တဲ့အခါ ကယ်လိုရီများတဲ့ အစာတွေကို တတ်နိုင်သမျှ ရှောင်ပါ။

(၃) ကလေးကို အာဟာရဓာတ် ပြည့်ဝသော သရေစာ ကျွေးပါ

ကလေးတွေအတွက် သရေစာ ဝယ်ယူရာမှာ ပန်းသီး၊ သင်္ဘောသီး၊ လိမ္မော်သီး အစရှိတဲ့ သစ်သီး ဝလံတွေအပြင် ပေါင်မုန့်ညို၊ နွားနို့၊ ပူတင်းစတာတွေ ဝယ်ထားပါ။

(၄) နံနက်စာ မစား မနေရ စနစ် ကျင့်သုံးပါ

သင့်ကလေး အပါအဝင် တစ်မိသားစုလုံးကို မနက်စာကို အမြဲပုံမှန် ကျွေးသင့်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နံနက်စာက တစ်နေ့လုံး အလုပ် တွင်ကျယ်စေမယ့် အကောင်းဆုံးအစာပဲ ဖြစ်ပါတယ်။

(၅) ကျန်းမာရေးနှင့် ညီညွတ်သည့် အရည် တိုက်ပါ

အိမ်မှာ ကလေးတွေ အပါအဝင် တစ်အိမ်သားလုံးကို ရေ၊ အဆီမပါတဲ့ နွားနို့၊ သကြားပါဝင်မှု နည်း တဲ့ သစ်သီးဖျော်ရည်၊ လက်ဖက်ရည် စတာတွေကို တိုက်ကျွေးသင့်ပါတယ်။

(၆) မိသားစုစုံညီ ညစာစားပါ

မိသားစုစုံညီ ညစာ စားတဲ့အခါ ဖေ့စ်ဘွတ်ခ် မသုံးရ၊ တီဗီမကြည့်ရ စတဲ့ စည်းကမ်းတွေ ချမှတ်ပြီး စားပါ။ ဒါမှသာ တစ်နေ့လုံး လှုပ်ရှားဆောင်ရွက်ခဲ့သမျှ အဖြစ်အပျက်တွေကို ညစာ စားချိန်မှာ ပြောဆို ဆွေးနွေးဖြစ်မှာ ဖြစ်ပါတယ်။ ဒါက စိတ်ဖိစီးမှု ပြေပျောက်ပြီး ပျော်ရွှင်မှုရရှိစေတဲ့ အကျင့်ကောင်းတစ်ရပ်ပါ။

(၇) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများများ စားပါ

နေ့တိုင်း ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကို သင့်တစ်မိသားစုလုံးကို ကျွေးပြီး စားဖြစ်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၈) အဆီနည်း အသားကို ရွေးချယ်ပါ

သင့်မိသားစုအတွက် အသားပြင်ဆင် ချက်ပြုတ်တဲ့အခါ အဆီနည်းတဲ့ အသားအမျိုးအစားကို ရွေးချယ် ချက်ပြုတ်ပြီး ကျွေးသင့်ပါတယ်။

(၉) ငါးများများ စားပါ

တစ်ပတ်မှာ အနည်းဆုံး ငါးကို ၃ ကြိမ်လောက် ထည့်သွင်း ချက်ပြုတ်ပေးပါ။ ငါးစားတာကြောင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ် ရရှိပြီး နှလုံးကျန်းမာရေး ကောင်းမွန်စေပါတယ်။

(၁၀) အမျှင်ဓာတ် ရရှိစေရန် ကောက်နှံတစ်ခုလုံးစာ ရွေးချယ်ပါ

နှလုံးသွေးကြော ကျန်းမာစေဖို့ အမျှင်ဓာတ်ပါ ဝင်မှုများတဲ့ ကောက်နှံတစ်ခုလုံးအစာကို ရွေးချယ် စားသုံးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top