Healthy Life Ad
International

Rosemary ဟင်းခတ်အမွှေးအကြိုင်ပါဝင်သော အစားအသောက်များက အသက်ရှည်ခြင်း၏ လျှို့ဝှက်ချက်ဖြစ်နိုင်

မိုးမင်းထွန်း

အီတလီကျေးရွာတစ်ရွာမှ အသက်ရာပြည့် ဘိုးဘိုးဘွားဘွား ၃၀ဝ ဦးကို လေ့လာမှုအရ ဟင်းခတ်အမွှေးအကြိုင်ဟာ အသက် ၁၀ဝရှည်ခြင်း ရဲ့ လျှို့ဝှက်ချက် ဖြစ်နိုင်တယ်လို့ သုတေသီတွေက ပြောဆိုလိုက်ပါတယ်။

အသက်ရှည်ရုံသာမကဘဲ နှလုံးနဲ့အယ်လ်ဇိုင်းမား ရောဂါတွေပါ ကင်းစင်ကြတဲ့ ဒီပင်စင်စား သက်ကြီးရွယ်အိုတွေဟာ ပုံမှန်အားဖြင့် Rosemary ဟင်းခတ်အမွှေးအကြိုင်ကို အသုံးပြုကြတယ်လို့ သိရပါတယ်။ သုတေသီအဖွဲ့ဟာ အီတလီနိုင်ငံ၊ အက်ကီရာရိုလီဒေသမှာ နေထိုင်သူတွေကို စစ်ဆေးခွင့် ရရှိတဲ့ ပထမဆုံးအဖွဲ့လည်း ဖြစ်ပါတယ်။

ပင်လယ်နဲ့ တောင်ကုန်းတွေကြားမှာ ရှိတဲ့ ဒီဒေသမှာ လူဦးရေ နှစ်ထောင်လောက်သာရှိပြီး အသက် ၁၀ဝနဲ့ ၁၀ဝ အထက်ရှိသူ လူဦးရေအနည်းဆုံး ၃၀ဝ ဦးရှိနေပါတယ်။ ဒါဟာ အံ့သြစရာ အချိုးအစားတစ်ခု ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီလိုအသက် အရွယ်ရှိသူ လူဦးရေဟာ နိုင်ငံလူဦးရေရဲ့ ဝဒသမ ဝ၂ ရာခိုင်နှုန်းသာ ရှိပါတယ်။

အသက်ရှည်မှုနဲ့ ကိုယ်-စိတ်ရောဂါကင်းဝေးမှု တွေဟာ ဒီဒေသတစ်လျှောက် နာမည်ကျော်ကြားလှ တဲ့ မြေထဲပင်လယ်ဒေသ အစားအသောက်ကြောင့် လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ချက်ပြုတ်ရာမှာ မပါမဖြစ်အသုံးပြုတဲ့ Rosemary ဟင်းခတ်အမွှေးအကြိုင်ဟာ အဓိကကျနေတယ်လို့ သုတေသီတွေက ဆိုပါတယ်။တခြားအသက်ရှည်စေတဲ့ အချက်တွေကတော့ လက်ဆတ်တဲ့လေကို ရှူရှိုက်ရတာနဲ့ လမ်းလျှောက်တာတို့ပဲ ဖြစ်ပါတယ်။

လေ့လာမှုမှာပါဝင်တဲ့ ပါမောက္ခ အလန်မိုင်စယ် က သူတို့အဖွဲ့ဟာ ဒီဒေသမှာလေ့လာခွင့်ရတဲ့ ပထမဆုံးအဖွဲ့လို့ ပြောပြပါတယ်။သူတို့ဟာ ရာပြည့်ဘိုးဘိုး၊ ဘွားဘွား ၃၀ဝ ဦးရဲ့ စားသောက်နေထိုင်မှုပုံစံ၊ သွေးနမူနာတွေနဲ့ မေးခွန်း တချို့ကို မေးမြန်းကြမယ်လို့ ဆိုပါတယ်။ရေရှည်ပြုလုပ်မယ့် သုတေသနအစီအစဉ်ရဲ့ ရည်မှန်းချက်က ဒီလူ ၃၀ဝဦးဟာ ဘယ်လိုဘဝနေ ထိုင်မှု ပုံစံတွေကြောင့် အသက်ရှည် ကျန်းမာကြသလဲဆိုတာကို သိရှိဖို့ပဲဖြစ်ပါတယ်။

လေ့လာမှုရလဒ်တွေကို ကမ္ဘာတစ်ဝှမ်းမှလူတွေ လိုက်နာနိုင်အောင် ပြန်လည်ဖြန့်ဝေပေးသွားမယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top