Healthy Life Ad
Life Style

ပျိုမေတို့ သိထားသင့်သည့် အသားအရေထိန်းသိမ်းနည်း အဆင့်ဆင့်

၊ လရိပ်မေ ၊

အသားအရေထိန်းပစ္စည်းတွေကို အဆင့်ဆင့် သုံးတတ်စေဖို့ နည်းလမ်းတွေကို အလှအပဆိုင်ရာ ပညာရှင်တွေက အောက်ပါအတိုင်း အကြံပြုထားပါတယ်။

နံနက်ခင်း အသားအရေထိန်းသိမ်းရာမှာ
မျက်နှာကိုရေနဲ့ စင်ကြယ်အောင်ဆေးကြောလိုက်ပါ။ သင့်အသားအရေက ဝက်ခြံ ထွက်လွယ် တယ်ဆိုရင် ဒါမှမဟုတ် အဆီပြန်လွယ်တယ်ဆိုရင် အရေပြားကို ညင်ညင်သာသာပဲ သန့်စင်ပါ။ လက်နဲ့ ပွတ်တိုက်ပြီး သန့်စင်တာမျိုးမလုပ်ပါနဲ့။

အဆင့်(၁) မျက်လုံးလိမ်းခရင်မ်
မျက်ဝန်းတစ်ဝိုက်က အရေပြားတွေဟာ ပါးပြီး အဆီဂလင်းနည်းပါးတာကြောင့် အဲဒီနေရာကအရေ ပြားဟာ မြန်မြန်ခြောက်သွေ့ကာ အရေးကြောင်း ထင်လွယ်ပါတယ်။ ဒါကြောင့် မျက်လုံးလိမ်းခရင်မ်ကို များများ လိမ်းပေးပါ။

အဆင့်(၂) အင်တီအောက်ဆီးဒင့်ပါသော ဆီကြည် (Antioxidant Serum)
အင်တီအောက်ဆီးဒင့်ပါတဲ့ ဆီရမ်ဟာ ပတ်ဝန်းကျင်ကြောင့် အရေပြားထိခိုက်နွမ်းနယ်တာကို သက် သာစေပါတယ်။

အဆင့် (၃) နေရောင်ကာနိုင်သော အစိုဓာတ်ထိန်း ခရင်မ်
နေရောင်ကာနိုင်တဲ့ SPF အစိုဓာတ်ထိန်း ခရင်မ်ကိုလိမ်းပေးတာက အရေပြားကို အရွယ်မရွေး တင်းရင်းစိုပြေနေစေပါတယ်။

ပုံမှန်အသားအရေပိုင်ရှင်များအတွက်
စေးကပ်တာမျိုးမရှိတဲ့ လိုးရှင်းကို လိမ်းပေးတာက အရေပြားကို နူးညံ့စိုပြေစေပါတယ်။

အဆီပြန်သော အသားအရေပိုင်ရှင်များအတွက်
အဆီဓာတ်မပါတဲ့ လိုးရှင်းကို လိမ်းပါ။

ခြောက်သွေ့သော သို့မဟုတ် ထိခိုက်လွယ်သော အသားအရေပိုင်ရှင်များအတွက်
အနံ့မပြင်းတဲ့၊ နူးညံ့တဲ့ လိုးရှင်းမျိုးကို ရွေးပါ။

ညနေခင်း အသားအရေထိန်းသိမ်းနည်း
အရေပြားအမျိုးအစားအလိုက် အထူးလိုအပ်တဲ့ သန့်စင်မှုနဲ့ ပြန်လည်ထိန်းသိမ်းမှုတွေကို လုပ် ဆောင်ပေးရပါမယ်။

အဆင့် (၁) – မျက်နှာသန့်စင်ခြင်း
မိတ်ကပ်နဲ့ အညစ်အကြေးတွေ ကင်းစင်သွားအောင် နူးညံ့တဲ့ သန့်စင်ဆေးရည်နဲ့ ဆေးကြောပါ။

အဆင့် (၂) – ပြန်လည်ထိန်းသိမ်းခြင်း
သင့်မျက်နှာမှာ ဝက်ခြံအဖုအပိမ့်ပေါက်တာ၊ အရေပြား အရောင်ပြောင်းတာ စတဲ့ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေရင် အဲဒီပုံမှန်မဟုတ်တာတွေကို အောက်ပါနည်းလမ်းတွေနဲ့ ပြန်လည် ထိန်းသိမ်းပေးဖို့လိုပါတယ်။

ဝက်ခြံရှိလျှင်
Benzoyl peroxide , Salicylic Acid ဒါမှမဟုတ် Glycolic Acid ပါတဲ့ ခရင်မ်ကို အရေပြားပေါ် လိမ်းပါ။

အရေပြားအရောင်ပြောင်းလျှင်
နေရောင်ခြည်ဒဏ်ကြောင့် အရေပြားအရောင်ပြောင်းရင် Kojic acid နဲ့ Alpha Hydroxy Acids ပါတဲ့လိုးရှင်းကိုရွေးလိမ်းပါ။ဒီလိမ်းဆေးဟာ အရေပြားပေါ်က မယ်လာနင်ထွက်ရှိမှုကို လျော့ကျစေပြီးအရေပြား ဆဲလ်သေတွေကို ကွာကျစေပါတယ်။

အဆင့်(၃) အစိုဓာတ်ထိန်းခရင်မ်
ညမအိပ်ခင် အရေပြားကို နောက်ဆုံး ထိန်းသိမ်း သင့်တဲ့ အရာက အစိုဓာတ်ထိန်းခရင်မ်လိမ်းဖို့ပဲ ဖြစ်ပါတယ်။ အဆီပြန်တဲ့၊ ခြောက်သွေ့တဲ့၊ ထိလွယ် ခိုက်လွယ်တဲ့ အရေပြားအမျိုးအစားအားလုံးအတွက် သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးရပါမယ်။ အဆီပြန်တဲ့ အသားအရေရှိသူတွေအနေနဲ့ အ စိုဓာတ်ပါတဲ့ မစေးကပ်တဲ့ ခရင်မ်ကို လိမ်းပေးပါ။ ဒီအမျိုးအစားက နံနက်ခင်းအိပ်ရာထချိန်မှာ အရေ ပြား စေးကပ်နေတာမျိုး၊ ချွေးပေါက်ပိတ်ကာ ဝက်ခြံထွက်တာမျိုးကို မဖြစ်စေနိုင်ပါဘူး။

ခြောက်သွေ့တဲ့ အသားအရေရှိရင်တော့ နူးညံ့ပြီး အစိုဓာတ်ရှိတဲ့ ခရင်မ်မျိုးကို ရွေးသုံးသင့်ပါတယ်။ သင့်အသားအရေက ထိခိုက်လွယ်ပြီး အဖုအပိမ့်ထွက်လွယ်ရင် နူးညံ့ပျော့ပျောင်းတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top