Healthy Life Ad
Health Tips

အစာအိမ်ရောင်နေချိန် စားသင့် / မစားသင့်သော အစာများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့်
အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး

အစာအိမ်ရောင်နေချိန်မှာ မာတဲ့အစားအစာတွေ လုံးဝမစားသင့်ပါဘူး။ ကောက်ညင်း လုံးဝမစားသင့်ပါဘူး။ ထမင်းတောင်မှ မစားသင့်သေးပါဘူး။ အစာအိမ်ရောင်တဲ့အချိန်မှာ အဓိကရှောင်ရမှာက ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် (Soft Drink) တွေကို အဓိကရှောင်ရပါမယ်။ လက်လုပ်ချဉ်၊ မုန်ညင်းချဉ်၊ လက်ဖက်၊ ကင်မ်ချီ စတာတွေကို အနည်းဆုံးတစ်လ ရှောင်ရပါမယ်။ ငရုတ်သီးနဲ့ အပူအစပ်စာတွေကိုလည်း အနည်းဆုံး တစ်လရှောင်ရပါမယ်။
ကွေကာအုတ်၊ နွားနို့၊ ဆန်ပြုတ်၊ စွပ်ပြုတ် အဲဒီလို အစားအသောက်ပျော့ပျော့တွေကိုပဲ အဓိက စားသောက်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top