Healthy Life Ad
Health Tips

နှလုံးကျန်းမာစေသည့် အပြုအမူများ

(၁) ရယ်မောတာကြောင့် သွေးတွေကိုပိုပြီး လွတ်လွတ်လပ်လပ် လှည့်ပတ်စေပါတယ်။

(၂) ကိုယ်ချစ်တဲ့သူကို ပွေ့ဖက်တာကြောင့် ခန္ဓာကိုယ်ထဲမှာကောင်းတဲ့ အောက်ဆီတိုစင်ဓာတ်ထွက်ရှိစေပြီး စိတ်ဖိစီးမှုကင်းဝေးစေပါတယ်။

(၃) အားလပ်ချိန်မှာ သင်ချစ်ခင်တဲ့သူတွေနဲ့ တွေ့ဆုံပေးတာကြောင့် နှလုံးကို အလုပ်ကောင်းကောင်းလုပ်ဖြစ်စေပြီး နှလုံးပိုကျန်းမာစေပါတယ်။

(၄) ကိုယ်ချစ်ခင်တဲ့သူနဲ့အတူ အချိန်ဖြုန်းတာကြောင့် သွေးတိုးကိုကျစေပြီး သွေးဖိအားကောင်းအောင် ထိန်းသိမ်းနိုင်ပါတယ်။

(၅) ကိုယ်ချစ်တဲ့သူနဲ့အတူ ချစ်ခင်ကြောင်းစာတွေ အပြန်အလှန်ပေးပို့တာ၊ Facebook မှာ ချစ်တဲ့သူတွေနဲ့ အပြန်အလှန်ထိတွေ့ဆက်သွယ်တာတွေကြောင့် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်။

(၆) ကိုယ်ချစ်ခင်တဲ့သူနဲ့ လက်ချင်းတွဲပေးတာကြောင့် အာရုံကြောတွေကို အနားရစေပါတယ်။

(၇) အကောင်းမြင်တဲ့ စိတ်ခံစားချက်ရှိတာကြောင့် နှလုံးရောဂါထခြင်း (Heart Attack) ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top