Healthy Life Ad
Health Tips

ခေတ်စားနေသည့် သြဂဲနစ်အစားအသောက်များ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)

အခုတလော သြဂဲနစ်အစားအသောက်တွေက ခေတ်စားလာပါတယ်။ အဲဒီအစားအသောက်တွေက တကယ်ပဲကျန်းမာရေးနဲ့ ညီညွတ်ပါသလားဆိုတဲ့ မေးခွန်းကို လူအများ သိချင်နေကြတဲ့အတွက် အာဟာရအထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က အခုလိုပြောပြခဲ့ပါတယ်။

သြဂဲနစ်အစားအသောက်တွေဆိုတာ မျိုးဗီဇပြင်ထားတာမဟုတ်တဲ့အတွက် အဲဒီအစားအသောက်တွေက ဈေးလည်းကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့စိုက်ပျိုးရေလုပ်ကတည်းက သဘာဝကိုပဲသုံးရလို့ပါ။ သဘာဝနည်းနဲ့ပဲ အသီးအနှံတွေ စိုက်ပျိုးထိန်းသိမ်းရတဲ့အတွက် ကောင်းကျိုးကလည်းတကယ်ရှိပါတယ်။

သဘာဝအလျှောက်ပေါက်နေတဲ့ သစ်သီးဝလံတွေက ပြုပြင်ထားတဲ့အသီးတွေနဲ့စာရင် သေးငယ်နေနိုင်ပေမယ့် တကယ့်အာဟာရဓာတ်တွေ အပြည့်ရပါတယ်၊ ဓာတုပစ္စည်းတွေ မပါတဲ့အတွက် ကျန်းမာရေးထိခိုက်မှုလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လူတွေက သဘာဝမြေသြဇာနဲ့စိုက်ပျိုးထားတဲ့ သြဂဲနစ်သစ်သီးဝလံတွေကိုပဲ စားသုံးသင့်ပါ တယ်။

Most Popular

Healthy Life Ad
To Top