Healthy Life Ad
Health Tips

ဖြစ်လေ့ဖြစ်ထရှိသည့် ဝေဒနာတို့အတွက် အိမ်တွင်းကုထုံးများ

၊ လရိပ်မေ ၊

ဝက်ခြံပေါက်တာ၊ ပါးစပ်အနာဖြစ်တာ၊ ပန်းနာရင်ကျပ်ဖြစ်ပြီး မောကျပ်တာ စတဲ့ ဝေဒနာတွေကို သက်သာစေမယ့် အိမ်တွင်းကုထုံးတွေ ရှိပါတယ်။

tea_tree_cup
ဝက်ခြံ ပျောက်စေမည့် လက်ဖက်ဆီ
လက်ဖက်ဆီစစ်စစ် နှစ်စက်နဲ့ ရှားစောင်းလက်ပပ်အနှစ်သားအနည်းငယ်ကို ရောပြီး မွှေလိုက်ပါ။ ပြီးရင် ဝါဂွမ်းစ ဒါမှမဟုတ် သန့်ရှင်းတဲ့ လက်ချောင်းတွေနဲ့ ဝက်ခြံဖုတွေပေါ်တို့ပေးပါ။

aloe-vera-gel-on-wooden-spoon-1
ပါးစပ်အနာ ပျောက်စေမည့် ရှားစောင်းလက်ပပ် အနှစ်
ရှားစောင်းလက်ပပ်အနှစ်ကိုယူပြီး စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ပါးစပ်အနာပေါ် မကြာခဏတို့ပေးပါ။

oil-essential-tea-tree-735x280
ခြေသည်းဝဲစွဲခြင်းအတွက် လက်ဖက်ဆီ
အနံ့မပါတဲ့ ကိုယ်လိမ်းလိုးရှင်း အနည်းငယ်နဲ့ လက်ဖက်ဆီအနည်းငယ်တို့ကို သန့်ရှင်းတဲ့ ပုလင်းတစ်လုံးထဲ ရောမွှေပြီး ခြေထောက်မှာ လိမ်းပေးပါ။

eucalyptus-inhalation-towel-bowl
ပန်းနာရင်ကျပ်ရောဂါ သက်သာစေမည့် ယူကလစ်ဆီ
ရေကိုဆူပွက်အောင်ကျိုပြီး ယူကလစ်ဆီတစ်စက်ထည့်ကာ (ဦးခေါင်းပေါ် သန့်ရှင်းတဲ့ တဘက်နဲ့အုပ်ပြီး) အသက်ပြင်းပြင်း ရှူသွင်းပေးပါ။ ပါးစပ်ကနေ ဖြည်းဖြည်းချင်း လေရှူသွင်းပြီး တစ်မိနစ်-နှစ်မိနစ်ကြာ ထိန်းထားပါ။

sweet-potato
ကိုယ်အလေးချိန်ထိန်းပေးသည့် ကန်စွန်းဥ
ကိုယ်အလေးချိန်ထိန်းချင်ရင် အာလူးအစား ကန်စွန်းဥကို ပြုတ်စားပေးပါ၊ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ်တွေ ပိုမို ပါဝင်မှုရှိပါတယ်။

11755186_1437718613222192_5253786596595284842_n
ခံတွင်းအနာ ပျောက်စေမည့် နံနံပင်
နံနံပင်ကို သန့်ရှင်းတဲ့ရေနဲ့ပြုတ်ပြီး အေးမြအောင်ထားကာ တစ်နေ့သုံး-လေးကြိမ်လောက် အာလုတ်ကျင်းပေးပါ။

Apple-Fruit-HD-Photos
နာတာရှည် ခေါင်းကိုက်ဝေဒနာပျောက်စေမည့် ပန်းသီး
ပန်းသီးကို အခွံနွှာပြီး ဆားအနည်း ငယ်နဲ့တို့ကာ နံနက်စောစောမှာ စားပေး ရင် နာတာရှည်ခေါင်းကိုက်ဝေဒနာကို ပျောက် ကင်းစေပါတယ်။

FOTO_GREEK_YOGURT
အရိုးကျန်းမာစေမည့် ဒိန်ချဉ်
ဒိန်ချဉ်ထဲ ပန်းသီး၊ စပျစ်သီးခြောက်စတာတွေ ထည့်ပြီးစားပေးတာကြောင့် အရိုးကျန်းမာစေပြီး အရိုးပါးရောဂါ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။

Most Popular

Healthy Life Ad
To Top