Healthy Life Ad
Life Style

အသည်းရောင်အသားဝါ ဘီပိုးအတွက် တစ်နေ့ဆေးတစ်လုံးစားရုံဖြင့် အသည်းကင်ဆာမဖြစ်စေရန် ၇၀ ရာခိုင်နှုန်းကာကွယ်နိုင်

ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

အသည်းရောင်အသားဝါဘီပိုးရှိသူတို့သည် ပိုးကောင်ရေစစ်ဆေးခြင်းနှင့် အထွေထွေစစ်ဆေးကုသမှုများမခံယူနိုင်ပါက တစ်နေ့ဆေးတစ်လုံးမှီဝဲပေးရုံဖြင့် အသည်းကင်ဆာရောဂါမဖြစ်စေရန် ၇၀ရာခိုင်နှုန်းကာကွယ်နိုင်ကြောင်း အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဦးခင်မောင်ဝင်းက Healthy Life ဂျာနယ်သို့ပြောကြားခဲ့သည်။

Tanofovir ဆိုတဲ့ဆေးကို တစ်နေ့တစ်လုံးသောက်ရုံနဲ့ အသည်းကင်ဆာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ တောနေခြုံကြားမှာနေတဲ့သူတွေက အသည်းရောင်အသားဝါဘီပိုးအတွက် တစ်သက်လုံးကုသခွင့်ရမှာမဟုတ်ဘူး၊ မကုသနိုင်ဘူးဆိုရင် ဘီပိုးအတွက် Tanofovir ဆိုတဲ့ ဆေးကိုသောက်ထားသင့်ပါတယ်။ ဒါဆိုရင် အသည်းကင်ဆာမဖြစ်အောင် ၇၀ ရာခိုင်နှုန်းလောက်ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။

အသည်းရောင်အသားဝါ ဘီပိုးအတွက် ဘာကိုမှမစစ်ဆေးဘဲ ဒီဆေးကိုပဲတစ်နေ့တစ်လုံး မှန်မှန်သောက်ပေးနေဖို့ပဲလိုပါတယ်။ နောင်မကြာခင် ဆေးသစ်တွေကလည်း ပေါ်တော့မှာဖြစ်တဲ့အတွက် ဒီကြားထဲဆေးကို တစ်နေ့တစ်လုံးသောက်ထားရပါမယ်။ မြန်မာပြည်မှာရှိတဲ့ ဘီပိုးရှိသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်က မစစ်နိုင်တဲ့သူတွေ၊ ဆေးကုသဖို့ ကုန်ကျစရိတ်မတတ်နိုင်သူတွေဖြစ်တယ်။ ဒီလိုလူတွေက ဒီဆေးလေးကို တစ်နေ့တစ်လုံး သောက်ထားရုံနဲ့ အသည်းကင်ဆာမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ မတတ်နိုင်တဲ့သူတွေကတော့ ဒီလို ကုသင့်ပါတယ်။

တတ်နိုင်တဲ့သူတွေကိုတော့ အသည်းရောင်အသားဝါ ဘီပိုးအတွက် စစ်ဆေးမှုတွေလုပ်ပြီး စနစ်တကျကုသင့်ပါတယ်ဟု ပါမောက္ခဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top