Healthy Life Ad
Health Tips

ကမ်းခြေတွင် ရေကူးဝတ်စုံဝတ်ရန် အဆင်ပြေဆုံး ခန္ဓာကိုယ်အလှ ပိုင်ဆိုင်စေမည့် နည်းလမ်းကောင်းများ

သဒ္ဒါထက်

ပင်လယ်ကမ်းခြေမှာ ရေကူးဝတ်စုံနဲ့ ရေကူး တော့မယ်ဆိုရင် ကိုယ်အလေးချိန် ပေါင်အပိုတွေကို လျှော့ချဖို့၊ အဆီပိုတွေကို ချေဖျက်ဖို့ လိုလာပါပြီ။ ဒါ မှသာ ရေကူးဝတ်စုံ ဝတ်တဲ့အခါ ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

(၁) လှေကားဖြင့် တက်ပါ

ဓာတ်လှေကားနဲ့ တက်မယ့်အစား လှေကားနဲ့ တက်တာကြောင့် ကယ်လိုရီတွေကို လောင်ကျွမ်းစေ ပါတယ်။

(၂) အိမ်တွင် ချက်ပြုတ်ထားသည့် အစာ စားပါ

အပြင်မှာ အလုပ်လုပ်နေရလို့ပဲ ဖြစ်ဖြစ် အိမ်မှာ ချက်ပြုတ်ထားတဲ့ အစာကို ယူသွားပြီး စားသောက် သင့်ပါတယ်။ ထမင်းစားတိုင်း သစ်သီးဝလံနဲ့ ဟင်းသီး ဟင်းရွက်များများ ပါဝင်တဲ့ အစာကို စားပေးပါ။

(၃) တစ်နေ့ အနည်းဆုံး အစာ ငါးကြိမ် စားပါ

တစ်နေ့မှာ အစာနည်းနည်းနဲ့ ငါးကြိမ် ခွဲစားပါ။ အစာနည်းနည်းစီ မကြာခဏ စားပေးတာကြောင့် ကယ်လိုရီလောင်ကျွမ်းစေပြီး အစာကို အလွန်အမင်း မစားဖြစ်စေတော့ပါဘူး။ အစာစားချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သရေစာ စားပါ။ ဒီနည်းက အစာကို အလွန်အမင်း မစားဖြစ်စေဘဲ ကိုယ်အလေးချိန်ကို ထိန်းနိုင်စေပါတယ်။

(၄) လမ်းလျှောက်ပါ

ကားနဲ့ သွားရင်တောင် ကိုယ်သွားမယ့်နေရာနဲ့ နည်းနည်းဝေးတဲ့နေရာမှာ ပါကင်ထိုးပြီး လမ်းလျှောက်သွားပါ။

(၅) မြန်မြန် လျှောက်ပါ

လမ်းလျှောက်တဲ့အခါ ခပ်သွက်သွက် လျှောက်လေလေ၊ ကယ်လိုရီတွေကို များများ လောင်ကျွမ်းစေ လေလေ ဖြစ်ပါတယ်။

(၆) ရေများများ သောက်ပါ

ရေများများ သောက်တာကြောင့် ဗိုက်ပြည့်စေ ပြီး အစာတွေကို လိုတာထက် ပိုမစားဖြစ်တော့ပါဘူး။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

(၇) သစ်ပင်ပန်းပင်စိုက်ပျိုးပါ

ဘယ်လောက်ကျဉ်းတဲ့ မြေနေရာပဲရှိရှိ သစ်ပင် ပန်းပင်တွေကို စိုက်ပျိုးပါ။ အဲဒီအခါ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားနိုင်ရုံ သာမက ကယ်လိုရီများများ လောင်ကျွမ်းစေနိုင်ပါ တယ်။

(၈) အိမ်သန့်ရှင်းရေး လုပ်ဆောင်ပါ

အိမ်သန့်ရှင်းရေး လုပ်တာကြောင့် ကယ်လိုရီ များစွာ လောင်ကျွမ်းစေနိုင်ပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားမှု ပြုလုပ်တိုင်း လောင်ကျွမ်းတဲ့ ကယ်လိုရီ ပမာဏ တိုးလာပါလိမ့်မယ်။

(၉) ဆော်ဒါအချိုရည် ရှောင်ပါ

ဆော်ဒါအချိုရည် သောက်တာကြောင့် ကိုယ်အလေးချိန် မြင့်တက်စေတဲ့အတွက် သစ်သီးဖျော်ရည် ဒါမှမဟုတ် ရေပဲ သောက်ပါ။

(၁၀) လေ့ကျင့်ခန်းလုပ်ပါ

ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို တစ်နေ့ မိနစ် ၃၀ လောက် လုပ်ဆောင်ပေးရင်တောင် ကြွက်သား ထုထည်သန်စွမ်းပြီး ဗိုက်သားချပ်ရပ်ကာ တစ်ကိုယ်လုံး တင်းရင်း ကျန်းမာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top