Healthy Life Ad
Health Tips

အစာစားရန် အကောင်းဆုံးနှင့် အဆိုးဆုံးအချိန်

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာ တွေကိုပဲ သူ့အချိန်နဲ့သူ စားပေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်က ပိုပြီး သက်သောင့်သက်သာရှိရှိ ကျန်းမာနေမှာ ဖြစ်ပါတယ်။

ပဲအမျိုးမျိုး
1a
# စားသုံးရန် အကောင်းဆုံးအချိန်

– နေ့ခင်း
အမျှင်ဓာတ် ပါဝင်မှု မြင့်မားတဲ့ ပဲနီလေး၊ ကုလားပဲနဲ့ တခြား အခြောက်အခြမ်း လုပ်ထားတဲ့ ပဲတွေကို စားတာကြောင့် အစာမကြေတဲ့ ဝေဒနာကို သက်သာစေပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် နေ့ခင်းဘက် စားတာကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

# စားသုံးရန် အဆိုးဆုံးအချိန်

– မနက်
ပဲနီလေးနဲ့ ပဲနီစေ့တို့လို အမျှင်ဓာတ် ပါတဲ့အစာတွေကို မနက်ခင်းမှာ စားတာကြောင့် တစ်နေ့တာအတွင်း အစာ စားချင်စိတ် ပိုဖြစ်စေပြီး အစာကို အလွန်အမင်း စားမိတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ထိန်းနေသူတွေ အတွက် မသင့်တော်ပါဘူး။

အသား
1b
# စားသုံးရန် အကောင်းဆုံးအချိန်

– နေ့ခင်း
အသားတွေက အစာကြေညက်ဖို့ ခက်ခဲတဲ့ အစာပါ။ ပရိုတင်းဓာတ် ပါဝင်မှု များတဲ့အသားကို စားတာကြောင့် ခန္ဓာကိုယ်သန်စွမ်းမှု အားကောင်းစေပြီး အာရုံ စူးစိုက်မှု ကောင်းမွန်စေပါတယ်။
စားသုံးရန် အဆိုးဆုံးအချိန်

– ည
ပရိုတင်းဓာတ် ပါဝင်မှုများတဲ ့အသား စားတာကြောင့် အစာခြေလမ်းကြောင်း စနစ်ကို ထိခိုက်စေပြီး ညဘက်မှာ မအီမသာဝေဒနာ ဖြစ်နေနိုင်ပါတယ်။

ထမင်း
1c
# စားသုံးရန် အကောင်းဆုံးအချိန်

– နေ့ခင်း
တစ်နေ့တာအတွင်း ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် မြင့်မားနေတဲ့ နေ့ခင်း အချိန်မှာ ထမင်းစားပေးမယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ကာဗိုဟိုက်ဒရိတ် အသုံးပြုနိုင်စွမ်းကို မြင့်တက်စေပါတယ်။

# စားသုံးရန် အဆိုးဆုံးအချိန်

– ည
ညဘက်မှာ ထမင်းများများစားတာကြောင့် ခန္ဓာကိုယ် အဆီ တက်စေပါလိမ့်မယ်။

ပန်းသီး
1d
# စားသုံးရန် အကောင်းဆုံးအချိန်

– နံနက်ခင်း
ပန်းသီးအခွံမှာ ပက်ပတင် အမျှင်ဓာတ် ပါဝင်တဲ့အတွက် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်မှန် သွားစေပါတယ်။ ဝမ်းမချုပ်အောင် ကာကွယ် ပေးပါတယ်။ ဒါ့အပြင် ပန်းသီးစားတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်စွမ်း မြင့်တက် စေပါတယ်။

# စားသုံးရန် အဆိုးဆုံးအချိန်

– ညနေခင်း / ည
ပန်းသီးမှာပါတဲ့ သြဂဲနစ်အက်ဆစ်ကြောင့် ညဘက်မှာ အစာအိမ်ထဲ အက်ဆစ်ပမာဏ မြင့်တက်ရာက ဝမ်းဗိုက် မအီမသာ ဖြစ်တတ်ပါတယ်။

သကြား
1e
# စားသုံးရန် အကောင်းဆုံးအချိန်

– နံနက်ခင်း
နံနက်ခင်းမှာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ဓာတ်က သကြားကို ပိုပြီး ထိထိရောက်ရောက် တွန်းလှန်နိုင်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွင်း လှုပ်ရှားမှု လုပ်တာကြောင့် သကြားချေဖျက်နှုန်းလည်း မြင့်တက်လာပါတယ်။

# စားသုံးရန် အဆိုးဆုံးအချိန်

– ည
သကြားက ခန္ဓာကိုယ်အဆီပိုကို တိုးစေရုံသာမက အစာခြေလမ်းကြောင်း စနစ်ကို လေးလံဝန်ပိစေတဲ့ အတွက် ညဘက်မှာ ကောင်းကောင်း မအိပ်ပျော်ဘဲ ဖြစ်တတ်ပါတယ်။

သစ်ကြားသီး
1f
# စားသုံးရန် အကောင်းဆုံးအချိန်

– ညနေခင်း
သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီး အက်ဆစ်နဲ့ အင်တီအောက်ဆီးဒင့်တို့ ပါဝင်တာကြောင့် ဦးနှောက် ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

# စားသုံးရန် အဆိုးဆုံးအချိန်

– မနက်၊ နေ့ခင်းနှင့် ည
ဒီအချိန်တွေမှာ သစ်ကြားသီးစားရင် သစ်ကြားသီးရဲ့ အာနိသင်ကို လျော့ကျ စေပါတယ်။

Cheese
1g
# စားသုံးရန် အကောင်းဆုံးအချိန်

– နံနက်စောစော
သက်သတ်လွတ် သမားတွေအတွက် ချိစ်က အကောင်းဆုံး အသားအစားထိုး ပစ္စည်းပါ။ အသင့်အတင့် စားပေးရင် ကိုယ်အလေးချိန် မတက်အောင်နဲ့ လေမပွအောင် ကာကွယ်ပေးပါတယ်။

# စားသုံးရန် အဆိုးဆုံးအချိန်

– ည
အစာကြေညက်ခဲတဲ့ အတွက် ညဘက်စားရင် အစာမကြေတာနဲ့ အဆီတက်တာ တို့ဖြစ်တတ်ပါတယ်။

Most Popular

Healthy Life Ad
To Top