Healthy Life Ad
Health Tips

သင်္ကြန်ရေကစားပြီး ပြန်လာချိန်ဖြစ်တတ်သည့် အရေပြား ပြဿနာများကို ထိန်းသိမ်းနည်း

လရိပ်မေ

သင်္ကြန်မှာ ရေကစားပြီး ပြန်လာချိန်မှာ နေပူဒဏ်၊ လေပူဒဏ်တွေ ခံရတာကြောင့် အသားအရေ ထိခိုက်မှု ဖြစ်နေတတ်ပါတယ်။ အဲဒီအထဲက အဖြစ် များတဲ့ အသားအရေ ပြဿနာတွေကို ပြန်လည် ပြုပြင်နိုင်ဖို့ အကြံပေးချင်ပါတယ်။

(၁) အရေပြား နီမြန်းနေသလား

# ရေခဲနှင့် ရှလကာရည်သုံးပါ

သင်္ကြန်ရေဒဏ်၊ နေပူဒဏ်နဲ့ လေဒဏ်တွေကြောင့် အရေပြား နီမြန်းမှုတွေ ဖြစ်တတ်ပါတယ်။ ဒါက အရေပြား ဓာတ်မတည့်တာ ဒါမှမဟုတ် ဖန်းဂတ်စ် မှိုပိုးဝင်တာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီနီမြန်းတဲ့ အရေပြား ပြဿနာ ကင်းစင်စေဖို့ ရေအေးဝတ်ကပ်ပေးပါ။ အရေပြား နီမြန်းတဲ့ နေရာမှာ အချိန် ၅-၁၀ မိနစ်လောက် ရေအေးဝတ်ကပ်ပေးရင် သက်သာရာ ရနိုင်ပါတယ်။ ဒါ့အပြင် ကြက်သီးနွေး ရေထဲမှာ ရှလကာရည် ခွက်တစ်ဝက်လောက် ထည့်ပြီး နီမြန်းတဲ့ အရေပြားနေရာကို ဆေးကြောပေးပါ။

(၂) ဝက်ခြံအဖုအပိမ့်တွေ ပေါက်နေသလား

# နနွင်းမှုန့်နှင့် တမာရွက်သုံးပါ

ဝက်ခြံ အဖုအပိမ့်တွေ ပေါက်နေရင် နနွင်းမှုန့်နဲ့ ကြိတ်ချေထားတဲ့ တမာရွက်တွေကို စေးပျစ်အောင် ရောမွှေပြီး အိပ်ရာမဝင်ခင် ဝက်ခြံအဖုအပိမ့်နေရာ တွေပေါ် သုတ်လိမ်းပေးပါ။ မနက်ခင်းမှာ မျက်နှာသစ်လိုက်ရင် ကြည်လင်သန့်ရှင်းတဲ့ အရေပြားကို တွေ့ရမှာ ဖြစ်ပါတယ်။ ပျားရည်မှာ အစိုဓာတ်ထိန်း အာနိသင်ရှိတဲ့အပြင် ဘက်တီးရီးယား ပိုးတွေကိုကင်းစင် စေတာကြောင့် ပျားရည်ကိုလည်း လိမ်းသင့်ပါတယ်။

(၃) အရေပြား မွဲခြောက်နေသလား

# ပျားရည်နှင့် နွားနို့ကို သုံးပါ

ပျားရည်၊ နွားနို့နဲ့ ဂျုံမှုန့်တွေကို ရောမွှေပြီး မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ အချိန် မိနစ် ၂၀လောက်လိမ်းပြီးမှ ကြက်သီးနွေးရေနဲ့ဆေး ကြောလိုက်ပါ။ သဘာဝကျကျ လင်းလက်တောက်ပ စေပါတယ်။

(၄) အသားအရေ အဆီပိတ်နေသလား

# သစ်ကြားသီး သုံးပါ

သစ်ကြားသီးမှာ ကြေးချွတ်အာနိသင် ကောင်းကောင်းရှိပါတယ်။ သစ်ကြားသီးသုံးလုံးကို ရေထဲမှာ တစ်ညတာ စိမ်ထားလိုက်ပါ။ မနက်လင်းတဲ့အခါ သစ်ကြားသီးအနှစ်နဲ့ နှင်းဆီရေကို ရောဖျော်ပြီး မျက်နှာပေါ် သုတ်လိမ်းကာ တစ်နာရီကြာမှ ကြေးချွတ်ကာ ရေနဲ့ ဆေးချလိုက်ပါ။

Most Popular

Healthy Life Ad
To Top