Healthy Life Ad
Health Tips

သဘာဝ အိမ်တွင်းကုထုံးများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

orange-web-1024x768

မျက်ကွင်းညိုခြင်း ကင်းစင်စေမည့် လိမ္မော်သီး
လိမ္မော်ရည်ကို ဂလစ်ဆရင်းအလှဆီနဲ့ ရောမွှေပြီး မျက်ဝန်းတစ်ဝိုက် လိမ်းပေးတာကြောင့် မျက်ကွင်း ညိုတာကို သက်သာလျော့ပါးစေပါတယ်။ လိမ္မော်ရည်အနှစ်ကို အရေပြားမှာ လိမ်းပေးရင် အသားအရေကြည်လင်တောက်ပစေပြီး မျက်ဝန်း တစ်ဝိုက် အရေပြားကို ပိုမို ချောမွေ့နူးညံ့သွားစေပါတယ်။

lemon

ရာသီလာစဉ် ကိုက်ခဲနာကျင်မှု သက်သာစေမည့် သံပရိုသီး
သံပရိုသီးဟာ ရာသီလာတာနဲ့ ဆက်စပ်နေတဲ့ ကိုက်ခဲနာကျင်တာ၊ ရောင်ရမ်းတာ၊ သွေးဆင်းများတာ စတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ရာသီလာနေတဲ့ နေ့ရက်တွေမှာ သံပရိုသီး ၂-၃ လုံးကို အရည်ညှစ်ပြီး ရေအေးနဲ့ ရောကာ သောက်ပေးရမှာ ဖြစ်ပါတယ်။

aniseed

အစာမကြေဝေဒနာ သက်သာစေမည့် စမုံစပါး
စမုံစပါးကို စားပေးတာကြောင့် လေပွတာ၊ လေထတာနဲ့ ပျို့ချင်အန်ချင်ဖြစ်တာတွေကို သက်သာစေပါတယ်။ ညစာစားပြီးတိုင်း စမုံစပါး အနည်းငယ် ကြိတ်ဝါးပေးပါ။

41cfNe77u4L

ကိုယ်နံ့ဆိုးခြင်း ကင်းဝေးစေမည့် ရှလကာရည်
ရှလကာရည် ၆၀ မီလီလီတာနဲ့ လာဗန်ဒါဆီ ခြောက်စက်တို့ကို ရောပြီး စပရေးဘူးတစ်လုံးထဲ ထည့်ထားပါ။ ရေချိုးပြီးတိုင်း ချိုင်း(ဂျိုင်း)ကြားထဲ ပက်ဖျန်းပေးရပါမယ်။

download

အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့် ကိုက်ခဲခြင်းတို့ အတွက် ချင်းပျားရည်
ပျားရည် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ချင်း (ဂျင်း)ထောင်းထားတဲ့ အရည် လက်ဖက်စားဇွန်း နှစ်ဇွန်းတို့ကို ရောမွှေပြီးသောက်ပေးရင် ချွဲသလိပ် ပျော်စေပြီး လည်ချောင်းနာတဲ့ဝေဒနာကို သက်သာ စေပါတယ်။

garlic

နားတွင်း ကူးစက်ပိုးဝင်ခြင်းအတွက် ကြက်သွန်ဖြူ
ကြက်သွန်ဖြူဟာ ဘက်တီးရီးယားပိုးတွေနဲ့ ဖန်းဂတ်စ်ပိုးတွေကို သေစေနိုင်ပါတယ်။ ကြက်သွန်ဖြူ ထောင်းထားတဲ့အရည်ဟာ နားတွင်းပိုး ဝင်တဲ့အတွက်ဖြစ်ရတဲ့ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို သက်သာ လျော့ပါးစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ တစ်နေ့ အနည်းဆုံး သုံးကြိမ်လောက် သန့်စင်တဲ့ ကြက်သွန်ဖြူအရည်ကို ခတ်ပေးနိုင်ပါတယ်။

ဖရဲသီး

ကင်ဆာတွန်းလှန်ပေးမည့် ဖရဲသီး
ဖရဲသီးမှာ လိုင်ကိုပင်းဓာတ် များစွာ ပါဝင်တာကြောင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သား အိမ်အမြှေးပါးကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အူမကြီးကင်ဆာအန္တရာယ်တို့ကို လျော့ပါးစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
(Ref;DH)

Most Popular

Healthy Life Ad
To Top