Healthy Life Ad
Health Tips

အနာကျက်နှေးသော ခြစ်ရာရှရာများအတွက် အလွယ်ကုထုံး

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

အရေပြားမှာ အမှတ်တမဲ့ ခြစ်ရာ၊ ရှရာတွေ ဖြစ်ပြီးကာမှ အနာကျက်နှေးနေရင် အမြန်သက်သာစေဖို့ အောက်ပါ အလွယ်ကုထုံးတွေကို လိုက်နာကြည့်သင့်ပါတယ်။

(၁) ပျားရည်လိမ်းပါ
ပျားရည်မှာ ရောင်ရမ်းမှုလျော့ကျစေပြီး ပိုးသတ်အာနိသင်ရှိတာကြောင့် အရေပြားခြစ်ရာရှရာတွေကို သက်သာစေပါတယ်။ အရေပြားခြစ်ရာ၊ ရှရာပေါ် ပျားရည်နည်းနည်း သုတ်လိမ်းပေးရင် အနာကျက်မြန်စေပါတယ်။

(၂) ရှားစောင်းလက်ပပ်အနှစ်လိမ်းပါ
အိမ်မှာ ရှားစောင်းလက်ပပ်ပင်စိုက်ထားရင် ရှားစောင်းလက်ပပ်အနှစ်သားကိုယူပြီး အရေပြားခြစ်ရာ၊ ရှရာတွေပေါ်သုတ်လိမ်းပေးပါ။ ဘက်တီးရီးယားပိုးတွေကို သေစေတဲ့အပြင် ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။ အရေပြားဆဲလ်အသစ် ထွက်လာအောင် အားပေးပါတယ်။ အမာရွတ် ထင်နှုန်းနည်းစေပါတယ်။

(၃) အရက်ပြန်လိမ်းပါ
အရေပြားမှာခြစ်ရာ၊ ရှရာထင်တဲ့အခါ အရက်ပြန်သုတ်လိမ်းလိုက်ပါ။ ဒါဆိုရင် အနာကျက်မြန်စေမှာဖြစ်ပါတယ်။ အရက်ပြန်သုတ်လိမ်းတာက ဘက်တီးရီးယားပိုးတွေကို ကင်းစင်စေပြီး ကူးစက်ပိုးဝင်တာမဖြစ်အောင် ကာကွယ်ပေးတဲ့အပြင် အနာကျက်မြန်စေပါတယ်။

(၄) ပတ်တီးစည်းထားပါ
အရေပြား ပြတ်ရှရာတွေကို ပြင်ပအမှုန်အမွှားတွေမကျရောက်အောင် ကာကွယ်ပေးတာက အနာကျက်မြန်စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဒါကြောင့် ပြတ်ရှရာဖြစ်ရင် ဂွမ်းလေးအုပ်ပြီး ပတ်တီးလေး စည်းထားလိုက်ပါ။ အနာကျက်မြန်စေပါတယ်။

(၅) ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများစားပါ
နေ့စဉ်စားတဲ့ အစားအသောက်ထဲမှာ လတ်ဆတ်တဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ များများထည့်စားရင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ အနာကျက်မြန်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အရေပြားအနာကျက်မြန်စေဖို့ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ အစားအသောက်တွေကိုစားပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top