Healthy Life Ad
Health Tips

လည်ပင်းမည်းလို့ စိတ်ညစ်နေလား . . .

ငွေကြယ်စင်ယံ

တချို့ကောင်မလေးတွေဟာ မျက်နှာအသား အရေကိုပဲ ထိန်းသိမ်းပြီး လည်ပင်းကို မေ့လျော့ နေတာကြောင့် လည်ပင်း မည်းနေတတ်ပါတယ်။ အဲဒီလို လည်ပင်းဟာ မျက်နှာထက် သိသိသာသာ မည်းနေပြီဆိုရင် အိမ်မှာ သဘာဝနည်းနဲ့ ဖြူစင်ဝင်းပအောင် ပြုပြင် ထိန်းသိမ်း ပေးနိုင်ပါတယ်။

– အုန်းဆီ
တစ်နေ့ တစ်ကြိမ် အုန်းဆီလိမ်းပေးတာကြောင့် နေလောင်ဒဏ်ရာကြောင့် လည်ပင်းအရေပြား ညိုမည်းမှုကို သက်သာစေပါတယ်။

– သံပရာသီး
လည်ပင်းအရေပြားပေါ် သံပရာရည် သုတ်လိမ်း ပေးတာကြောင့် ဖြူစင်လာစေပါတယ်။

– ဆော်ဒါမှုန့်
ဆော်ဒါမှုန့်နဲ့ ရေကို ရောမွှေပြီး လည်ပင်းအရေပြားပေါ် သုတ်လိမ်းပေးပါ။

– သခွားသီး
လည်ပင်းပေါ်မှာ သခွားသီးအရည်ကို သုတ်လိမ်း ပေးတာကြောင့် ဖြူစင်လာစေပါတယ်။

– ဂျုံမှုန့်နှင့် ခရမ်းချဉ်သီး
ဂျုံမှုန့်ထဲ ခရမ်းချဉ်သီး အနှစ်ထည့်ကာ လည်ပင်း အရေပြားပေါ် လိမ်းပေးပါ။

– ပျားရည်
ပျားရည်မှာ သဘာဝ အသားဖြူစေတဲ့ အစွမ်း ရှိတာကြောင့် လည်ပင်းမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ ခဏကြာမှ ရေနဲ့ ဆေးချလိုက်ပါ။

– ရှားစောင်လက်ပပ်
လည်ပင်းအရေပြားပေါ် ရှားစောင်းလက်ပပ် အနှစ်သား သုတ်လိမ်းပေးပါ။

– သကြား
သကြားနဲ့ သံပရိုသီးအရည်ကို ပျစ်အောင် ရောမွှေပြီး လည်ပင်းမှာ လိမ်းပေးပါ။ လည်ပင်းရှိ အရေပြား ဆဲလ်သေ တွေကို ကွာကျသွားစေပါတယ်။

– ပျားရည်နှင့် သံပရာသီး
ပျားရည်နဲ့ သံပရာသီးကို ရောပြီး လည်ပင်းမှာ လိမ်းပေးရင် သဘာဝ ကြေးချွတ်အာနိသင် ရရှိ စေပါတယ်။

– ဆန်ဆေးရေ
ဆန်ဆေးရေကို လည်ပင်းမှာ ပုံမှန် လိမ်းပေးတာကြောင့် လည်ပင်း အသားအရေကို ဖြူစင်ဝင်းပ စေပါတယ်။

– လိမ္မော်သီး
လိမ္မော်ခွံနဲ့ လိမ္မော်သီးကို သုံးပြီး လည်ပင်းအရေပြားကို ကြေးချွတ်ပေးပါ။

– အာလူးရည်
လည်ပင်းမှာ အာလူးရည် သုတ်လိမ်းတာကြောင့် လည်ပင်းက နေလောင်ဒဏ်ရာကြောင့် ညိုမည်းမှုတွေကို လျော့ပါး သက်သာ စေပါတယ်။

– ရှလကာရည်
လည်ပင်းကို ရှလကာရည် သုတ်လိမ်းကာ မိနစ် အနည်းငယ် အကြာမှာ ရေနဲ့ ဆေးချလိုက်ပါ။

– နာနတ်သီးနှင့် ငှက်ပျောသီး
အတူတကွကြိတ်ချေပြီး လည်ပင်းနဲ့ မျက်နှာကို ခရင်မ်သဖွယ် လိမ်းပေးပါ။

– စတော်ဘယ်ရီသီးနှင့် သင်္ဘောသီး
စတော်ဘယ်ရီသီးနဲ့ သင်္ဘောသီးကို ရောမွှေပြီး လည်ပင်းမှာ လိမ်းကာ ခြောက်သွေ့မှ ရေနဲ့ ဆေးပါ။

– သံလွင်ဆီ
နေလောင်တဲ့ အရေပြား အို ၊ မည်းမှုကို လျော့ပါး စေပြီး အစိုဓာတ် ထိန်းပေးပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top