Healthy Life Ad
Health Tips

ပင်စိမ်းရွက်ကို ဘယ်လို အသုံးပြုနိုင်သလဲ

၊ လရိပ်မေ ၊

ပင်စိမ်းရွက်မှာပါဝင်တဲ့ သဘာဝဒြပ်ပေါင်းတွေကြောင့် ဆေးဖက်ဝင်ဂုဏ်သတ္တိ ရှိပါတယ်။

– ဝက်ခြံ

ပင်စိမ်းရွက်ကိုကြိတ်ချေပြီး ဝက်ခြံဖုပေါ်လိမ်းလိုက်တဲ့အခါ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ကောင်း ပါဝင်ပါတယ်။ ပင်စိမ်းရွက်မှာ ဖန်းဂတ်စ်နဲ့ ဘက်တီးရီးယားပိုးဟန့်တားတဲ့ အစွမ်းရှိတာကြောင့် အဆိပ်အတောက်တွေကို ကင်းစင်စေပြီး သွေးထဲကအညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ်စေပါတယ်။
မျက်နှာပေါ်မှာ ပင်စိမ်းရွက်ကိုကြိတ်ချေပြီး ရလာတဲ့အရည် သုတ်လိမ်းပေးတာကြောင့် မျက်နှာအသားအရေတင်းရင်းပြီး နုပျိုစေပါတယ်။

– ဆားဝက်ခြံ

နှာခေါင်းဘယ်ညာကို ပင်စိမ်းရွက်ကပ်ပြီး အချိန်ငါးမိနစ်လောက် ထားပေးပါ။ ပြီးမှ ရေနဲ့ဆေးချလိုက်ရင် ဆားဝက်ခြံ ကင်းစင်စေပါတယ်။

– အရေပြားတွင်း ပိုးဝင်ခြင်း

အီးကိုလိုင်ပိုးနဲ့ Bathracis ပိုးတွေက အရေပြားတွင်းဝင်တဲ့ အဓိကကူးစက်ပိုးတွေ ဖြစ်ကြပါတယ်။ ပင်စိမ်းရွက်မှာ ပဋိဇီဝပိုးသတ်ဆေးအစွမ်းရှိတဲ့အတွက် ဘက်တီးရီးယားပိုးနဲ့ ဖန်းဂတ်စ်မှိုပိုးတွေကို တွန်းလှန်ပေးနိုင်ပါတယ်။ ပင်စိမ်းရွက်ဟာ အရေပြားယားယံတဲ့ ဝေဒနာကိုလည်း သက်သာစေပါတယ်။

– အနာသက်သာစေခြင်း

ပင်စိမ်းရွက်မှာ ပိုးသတ်အာနိသင်ရှိတာကြောင့် အရေပြားပြတ်ရှရာနဲ့ ဒဏ်ရာတွေကို ကုသမှုပေးနိုင်စွမ်း ရှိပါတယ်။

– အအေးမိခြင်းနှင့် ချောင်းဆိုးခြင်း

ပင်စိမ်းရွက်ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်းသောက်တာကြောင့် အအေးမိဝေဒနာနဲ့ တုပ်ကွေးတွေကို သက်သာစေပါတယ်။ တချို့ ချောင်းဆိုးပျောက်ဆေးတွေမှာ ပင်စိမ်းရွက် ပါဝင်ပါတယ်။ ပင်စိမ်းရွက်ဟာ ချွဲပျော်စေတဲ့အစွမ်း ရှိပါတယ်။

– ဖျားခြင်း

ပင်စိမ်းရွက်မှာ ဖိုင်တိုနျူးထရီးရန့်ဓာတ်တွေ ပါဝင်တဲ့အပြင် အနာကျက်စေတဲ့အဆီလည်း ပါရှိပါတယ်။ ပင်စိမ်းရွက်ကိုပြုတ်ပြီး သောက်တာကြောင့် ကူးစက်ပိုးဝင်ရာကဖြစ်တဲ့ ဖျားနာမှုဝေဒနာကို သက်သာစေပါတယ်။ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးဝင်တာကိုလည်း လျော့ပါးစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top