Healthy Life Ad
Health Tips

မုန်ညင်းနှင့် ပန်းဂေါ်ဖီစိမ်းကြော်

နုံးချည့်ညောင်းညာသော ဝေဒနာအတွက် သဘာဝအိမ်တွင်းကုထုံးများ မုန်ညင်းဟာ ကယ်လိုရီနည်းပြီး ရေမှာ ပျော်ဝင်တဲ့ အင်တီအောက်ဆီးဒင့် အများအပြားပါဝင်ပါတယ်။ ဗီတာမင်အေပါဝင်ပြီး ဗီတာမင်ကေ ပါဝင်မှုများပါတယ်။ ဗီတာမင်ဘီအုပ်စုပါဝင်မှုများပြီး တချို့သတ္တုဓာတ်တွေလည်း များစွာပါဝင်နေပါတယ်။

ပန်းဂေါ်ဖီစိမ်းမှာ ကယ်လ်စီယမ်နဲ့ တခြားဗီတာမင်တွေပါဝင် ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အင်တီအောက်ဆီးဒင့်လည်း ပါဝင်မှုများပါတယ်။

ပါဝင်ပစ္စည်းများ

၁။ မုန်ညင်း တစ်ပေါင်၊

၂။ ပန်းဂေါ်ဖီစိမ်း တစ်ပေါင်၊

၃။ ဟင်းသီးဟင်းရွက်ဆီ (ဥပမာ နေကြာဆီ၊ ပဲဆီ) ထမင်းစားဇွန်းနှစ်ဇွန်း၊

၄။ ကြက်သွန်ဖြူ တစ်ဥ၊ (ထောင်းထားပါ)

၅။ ချင်း (ဂျင်း) လက်တစ်ဆစ် (ထောင်းထားပါ)

၆။ ပဲပိစပ်ဆော့စ် ထမင်းစားဇွန်း တစ်ဇွန်း။

ဒယ်အိုးထဲ ဆီသတ်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူထည့်ကာ ပန်းဂေါ်ဖီစိမ်းနဲ့ မုန်ညင်းထည့်ပါ။ ပြီးမှ တခြားပါဝင်ပစ္စည်းတွေထည့်ကာ လိုအပ်သလို ဆားအနည်းငယ်ထည့်ပေးရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top