Healthy Life Ad
Health Tips

ကမ္ဘာ့အလှဆုံး နံပါတ်တစ်စာရင်းဝင် ရှိန်လင်းဝုဒ်လေ၏ အံ့ဖွယ်အလှအပ လျှို့ဝှက်ချက်များ

၊ လရိပ်မေ ၊

Divergent ရုပ်ရှင်ဇာတ်လမ်း မင်းသမီးလေးဖြစ်တဲ့ ရှိန်လင်းဝုဒ်လေ(Shailene Woodley) ဟာ ဟောလိဝုဒ်မှာအောင်မြင်နေသလို ကမ္ဘာ့အလှဆုံးအမျိုးသမီး ရွေးချယ်ရာမှာလည်း နံပါတ်တစ်နေရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ရှိန်လင်းဝုဒ်လေဟာ အလှပြင်ရာမှာ သဘာဝနဲ့နီးစပ်တာကိုပဲ ရွေးချယ်လေ့ရှိတာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရပါတယ်။

– အများအားဖြင့် မိတ်ကပ်မလိမ်းခြင်း

ဇာတ်လမ်းတွေထဲမှာ ကြည့်ကောင်းစေဖို့ ဝတ်စားဆင်ယင်လေ့ရှိပေမယ့် ရှိန်လင်းဝုဒ်လေက မျက်နှာကိုဘာမှမလိမ်းဘဲ သဘာဝအတိုင်းနေရတာကို ပိုသဘောကျသူပါ။ “ပွဲလမ်းသဘင်တွေအတွက် မိတ်ကပ်လိမ်းလေ့ရှိပေမယ့် တခြားနေ့တွေမှာ မိတ်ကပ်လုံးဝ မလိမ်းပါဘူး” လို့ ရှိန်လင်းဝုဒ်လေက ဆိုပါတယ်။

– ခေါင်းလျှော်ရာတွင် ရှမ်ပူအသုံးနည်းခြင်း

“ ကျွန်မဆံပင်တွေက မြင်းမွှေးတွေလိုပါပဲ၊ ဒါကြောင့် အထူးတလည် ထိန်းသိမ်းစရာ မလိုပါဘူး၊ ဆံပင်သားပေါ် နည်းနည်းပဲသုံးလေလေ၊ ပိုကောင်းလေလေပါ။ တစ်လမှတစ်ကြိမ်လောက်ပဲ ရှမ်ပူသုံးပြီး ခေါင်းလျှော်ပါတယ် . . ကျွန်မဆံပင်က အဆီထွက်လေလေ၊ ပိုကောင်းလေလေပါ” လို့ ရှိန် လင်းဝုဒ်လေက ပြောပြထားပါတယ်။

– နှမ်းဆီ လိမ်းခြင်း

ထူးခြားတာက သွားတွေဖြူစင်လှပဖို့အတွက် နှမ်းဆီကိုလိမ်းလေ့ရှိတာပဲ ဖြစ်ပါတယ်။ “ကျွန်မက အနာကျက်ဖို့ သဘာဝနည်းတွေကို သဘောကျပါတယ်။ ညအိပ်ရာမဝင်ခင် နှမ်းဆီကို သွားတွေပေါ်လိမ်းပြီး မနက်အိပ်ရာနိုးတာနဲ့ ထွေးထုတ်ပစ်လိုက်ပါတယ်။ ဒီနည်းကသွားတွေကို ဖြူစင်ကြည့်ကောင်းစေတဲ့ အံ့ဖွယ်နည်းပါ၊ သွားချေးဖတ်တွေက ရေကိုမစုပ်ယူနိုင်ပေမယ့် အဆီကိုစုပ်ယူနိုင်ပါတယ်။ ဒါကြောင့် ဆီနဲ့အတူ သွားချေးဖတ်တွေ ပါသွားပါတယ်” လို့ ရှိန်လင်းဝုဒ်လေက ဆိုပါတယ်။

– ကျယ်လောင်စွာ ရယ်မောခြင်း

ရယ်တဲ့အခါ အသားအရေ လှပကြည့်ကောင်းတယ်လို့ ရှိန်လင်းဝုဒ်လေက ဆိုပါတယ်။
“ အသက် ၃၅ နှစ်အရွယ်နဲ့ ၄၀ အစောပိုင်းအရွယ်တွေမှာ ရယ်မောပေမယ့် အရေးကြောင်းမထင်ဘဲ အသားအရေလှသူတွေ အများကြီးပါ . . စိတ်ပျိုကိုယ်နုလို့ပဲ ဆိုရမှာပါပဲ” လို့ သူကဆိုပါတယ်။

– သဘာဝပစ္စည်းများ သုံးခြင်း
ရိုက်ကူးရေးမရှိတဲ့ရက်တွေမှာ ရှိန်လင်းဝုဒ်လေက အပင်ထွက်အစာတွေစားပြီး ပျော်ပျော်နေကာ အကောင်းမြင်စိတ်ရှိသူ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဆပ်ပြာကိုပဲ သုံးလေ့ရှိပါတယ်တဲ့။

– ညစဉ်ညတိုင်း မျက်နှာသစ်ခြင်း
ညစဉ်ညတိုင်း မျက်နှာသစ်ပြီး အသားအရေကိုအားဖြည့်ပေးတာနဲ့ အိပ်ရာထဲမှာ စာစောင် ဒါမှမဟုတ် ကဗျာစာအုပ်ဖတ်တာတို့ လုပ်ဆောင်ရတာကို ရှိန်လင်းဝုဒ်လေက သဘောကျပါတယ်။ အဲဒီအချိန်မှာ လက်ဖက်ရည်တစ်ခွက်သောက်လိုက်ရင် ကောင်းကောင်း အနားရသွားပါပြီလို့ ဆိုပါတယ်။

(Ref;Parade)

Most Popular

Healthy Life Ad
To Top