၊ ကိုထက် ၊
နံရံမှီပြီး လက်ဆန့်တန်းခြင်း
နံရံမှီပြီး လက်နှစ်ဖက်ကို ဘေးဘက် ဆန့်တန်းထားပါ။ အဲဒီအနေအထားကနေ လက်မောင်း နှစ်ဖက်ကိုအပေါ်သို့ မြှောက်ပေးရမှာ ဖြစ်ပါတယ်။
ကွေးညွတ်ခြင်း
မတ်မတ်ရပ်ပြီး လက်နှစ်ဖက်ကို နားရွက်နောက်မှာ ထားကာ ခန္ဓာကိုယ်ကို ရှေ့ဘက်ကွေးညွတ်ပေးရမှာပါ။
ထိုင်ပြီး ဘေးတိုက်လွှဲခြင်း
ထိုင်ခုံတစ်ခုပေါ်မှာ မတ်မတ်ထိုင်ပြီး လက်နှစ်ဖက်ကို ခေါင်းနောက်ဘက်မှာ ထားပါ။ ပြီးရင် ခန္ဓာကိုယ်ဘယ်ဘက်ကို စောင်းလိုက်၊ ညာဘက်ကို စောင်းလိုက် တစ်လှည့်စီလုပ်ပေးပါ။
( Ref;fitnessbin )