Healthy Life Ad
Life Style

စွမ်းအင်အဆင့် မြင့်တက်စေမည့် သဘာဝနည်းငါးသွယ်

မောပန်းပြီးနွမ်းနယ်တာကြောင့် စွမ်းအင်တွေလျော့ပါးနေရင် အချိန်တိုအတွင်း စွမ်းအင်အဆင့် မြင့်တက်လာစေဖို့ အောက်ပါသဘာဝနည်းတွေကို လိုက်နာသင့်ပါတယ်။

(၁) သင်နေထိုင်တဲ့ နေရာအဝန်းအဝိုင်းမှာ လိမ္မော်ရောင်၊ အဝါရောင်နဲ့ ခရမ်းရောင်တို့လို တောက်ပတဲ့ အရောင်တွေရှိနေပါစေ။ ဒီအရောင်တွေက စိတ်ခံစားမှုကို မြင့်တက်စေပါတယ်။

(၂) တစ်နေ့ ၁၅ မိနစ်ခန့် နံနက်ခင်း နေခြည်နုနုကို ခံယူပါ။ ဒီလိုနေခြည်နုနုခံယူတာကြောင့် သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဒီနဲ့ ဆီရိုတိုနင်အထွက်တိုးစေပါတယ်။

(၃) လီမွန်သီး၊ လိမ္မော်သီး စတဲ့ အသီးရနံ့တွေ၊ ပက်ပါးမင့်ပူရှိန်းရနံ့တွေက သင်ရဲ ့အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို တိုးမြင့်စေနိုင်ပါတယ်။ သင့်လက်ကောက်ဝတ်မှာ ဒီမရှိမဖြစ်အဆီကို တစ်စက်-နှစ်စက် ဆွတ်ပေးပါ။

(၄) ချဉ်ပြီး အေးမြတဲ့ အနံ့အရသာက သင့်ခံတွင်း၊ လည်ချောင်းနဲ့ နှာခေါင်းတလျှောက်ရှိ နာ့ဗ်ကြောတွေကို လှုံ့ဆော်ပေးပြီး ဦးနှောက်ရဲ ့လုပ်ဆောင်မှုတွေကို ကောင်းမွန်စေပါတယ်။

(၅) ပီကေဝါးတာက ကြွက်သားတင်းအားကို ပြေလျော့စေပြီး သင့်ကို တက်ကြွမှုရှိစေကာ နာ့ဗ်ကြောစနစ်ကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။

Most Popular

Healthy Life Ad
To Top