Healthy Life Ad
Q & A

မြန်မာနိုင်ငံမှာ သားဥအိမ် အစားထိုးလို့ ရနေပြီလား . . .

မေး. သားဥအိမ်မရှိတဲ့သူက ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးရအောင် လုပ်လို့ရပါသလား ဆရာ။ မြန်မာနိုင်ငံ မှာ သားဥအိမ်ကကော အစားထိုးလို့ရပါသလား။ သားဥအိမ်အစားထိုးလို့ရခဲ့ရင် ကလေးယူလို့ ရနိုင်ပါသေး သလား ဆရာ။

Tu Tu Lay

ဒေါက်တာစိုးလွင် သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

ဖြေ. သားဥအိမ်ဆိုတာကတော့ ဆရာတို့မြန်မာနိုင်ငံသာမက တခြားဘယ်နိုင်ငံမှာမှ အစားထိုးလို့ မရသေး ပါဘူး။ သားဥအိမ်ရဲ့လုပ်ငန်းဆောင်တာတွေက အရမ်းကို ဆန်းကြယ်ပြီး ရှုပ်ထွေးပါတယ်။ သားဥအိမ်က သားဥလေးတွေတစ်လတစ်လုံး ကြွေကျတာ၊ ဟော်မုန်းတွထုတ်ပေးတာ စတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးပါတယ်။ အမျိုးသမီးတွေက အကြောင်းအမျိုးမျိုးကြောင့် သားဥအိမ် ထုတ်လိုက်ရတာ၊ ဓာတ်ရောင်ခြည်ပြလိုက်ရတာ၊ တချို့ကျတော့လည်း မွေးကတည်းက သားဥအိမ် မပါလာတာ၊ သားဥအိမ် ပါလာပေမယ့် ကောင်းကောင်း အလုပ်မလုပ်တဲ့အခါတွေမှာ သားဥလေးတွေက မကြွေပါဘူး၊ ဟော်မုန်းတွေကိုလည်း မထုတ်ပေးနိုင်ပါဘူး။

အဲဒီလို ဟော်မုန်းတွေ မထုတ်ပေးနိုင်တာမျိုးကို အပြင်ကနေ ဟော်မုန်းတွေ အစားထိုးပေးလို့ရပေမယ့် သားဥမကြွေတာကိုတော့ လုပ်ပေးလို့မရပါဘူး။ အစားထိုးလို့လည်း မရသေးပါဘူး။ သားဥအိမ်မရှိရင် ကလေးလည်း မရနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် သားဥမှမကြွေနိုင်ရင်တော့ ကလေးက ဘယ်လိုမှမရနိုင်ပါဘူး။ ဒါပေမဲ့ တစ်ခုရှိတာက ကိုယ့်မှာ သားအိမ်ရှိပြီး သားအိမ်ကလည်း ကောင်းတယ်ဆိုရင်တော့ ကိုယ့်အမျိုးသားရဲ့ သုက်ပိုးနဲ့ တခြားအမျိုးသမီးတစ်ယောက်ရဲ့ သားဥကို ဖန်ပြွန်သန္ဓေသားနည်းနဲ့ အရင်ဆုံး မျိုးအောင်အောင် လုပ်ရပါမယ်။ ပြီးမှ ကိုယ်ရဲ့သားအိမ်ထဲထည့်ပေးပြီး အငှားကိုယ်ဝန်ဆောင်သလိုမျိုး လုပ်မယ်ဆိုရင်တော့ ကိုယ့်အမျိုးသားရဲ့ ကလေးလေးကို ကိုယ်ကိုယ်တိုင် ဝမ်းနဲ့လွယ်ပြီး မွေးပေးနိုင်မှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top