Healthy Life Ad
Life Style

အဆိုးဆုံးသူဌေးတို့၏ စိတ်အနှောင့်အယှက်ဖြစ်စရာ အမူအကျင့်များ

ကိုမိုး

အဖွဲ့အစည်းတစ်ခုမှာဖြစ်ဖြစ်၊ ကုမ္ပဏီတစ်ခုမှာ ဖြစ်ဖြစ် သူဌေးတွေမှာ ဒီလိုအမူအကျင့်တွေရှိရင် ဝန်ထမ်းတွေအတွက်သာမက တစ်ဖွဲ့လုံးအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်ရပြီး လုပ်ငန်းခွင်ရဲ့ တိုးတက်မှုကိုပါ ပိတ်ပင်ဟန့်တားတတ်ပါတယ်။

(၁) ထိန်းချုပ်လွန်းအားကြီးခြင်း

သူတို့က အရာရာကို ထိန်းချုပ်လိုပြီး ထိန်းချုပ်မှုကို စွန့်လွှတ်လိုက်တာက ပြသနာဖြစ်လာနိုင်တယ်လို့ယူဆတတ်ပါတယ်။

(၂) ခေါင်းမာခြင်း

သူတို့ လုပ်သမျှမှန်တယ်လို့ ထင်မြင်နေပြီး သူတို့သဘောအတိုင်း မလိုက်နာရင် စီးပွားရေးအတွက် မကောင်းဘူးလို့ ယူဆတတ်ကြပါတယ်။

(၃) ဆုံးဖြတ်ချက် မပြတ်သားခြင်း

ခေါင်းဆောင်ကောင်းတွေက ဆုံးဖြတ်ချက်ကို မြန်မြန်ချမှတ်နိုင်ပေမယ့် သူတို့က ဆုံးဖြတ်ချက်ချမှတ်ရာမှာ အားနည်းတတ်ပါတယ်။

(၄) အပြောင်းအလဲကို မလိုလားခြင်း

သူတို့က ပြောင်းလဲရမှာကို မလိုလားဘဲ ပြောင်းလဲတာက ကောင်းတယ်လို့ နားမလည်ကြပါဘူး။

(၅) ကြောက်ရွံ့ခြင်း

သူတို့က အကြောက်တရားနဲ့ အုပ်ချုပ်ပြီး အကြောက်တရားနဲ့ အုပ်ချုပ်တာက ထိရောက်တဲ့နည်းလို့ သူတို့ထင်နေကြပါတယ်။

(၆) အသေးစိတ်က အစပါဝင်စီမံလွန်းခြင်း

သူတို့က အလုပ်မှာ အသေးစိတ်တိုင်းကအစ ပါဝင်စီမံတတ်တာကြောင့် ဝန်ထမ်းတွေရဲ့ တိုးတက်မှုကို ဖျက်ဆီးပစ်လိုက်တာပါပဲ။

(၇) အမြင်မရှိခြင်း

အတော်ဆုံး ခေါင်းဆောင်မှာ ရှင်းလင်းတဲ့ အမြင်ရှိပြီး ရေရှည်အတွက် စဉ်းစားတတ်ပေမယ့် သူတို့ကတော့ ဘယ်နေရာမှာမှ အမြင်မရှိကြပါဘူး။

(၈) သီးသန့် မျက်နှာသာပေးလွန်းခြင်း

အဖွဲ့တစ်ခုမှာ သူတို့သဘောကျသူကိုပဲ မျက်နှာပေးပြီး တခြားသူတွေရဲ့ တင်ပြချက်တွေကို လက်မခံလိုကြပါဘူး။

(၉) စိတ်ကြီးဝင်ခြင်း

ဒါကတော့ အဆိုးဆုံးသူဌေးတွေရဲ့ စိတ်ပျက်စရာ အကောင်းဆုံး ကိုယ်ရည်ကိုယ်သွေးတစ်ခုပဲ ဖြစ်ပါတယ်။

(၁၀) ပြစ်တင်ဝေဖန်ခြင်း

အဆိုးဆုံး ခေါင်းဆောင်တွေက အမှားတစ်ခုဖြစ်လာရင် ဝန်ထမ်းတွေကို ပြစ်တင်တတ်ပြီးကောင်းတဲ့အရာအတွက် သူတို့ကိုယ်သူတို့ ဂုဏ်တင်တတ်ပါတယ်။

(၁၁) ဒေါသကြီးခြင်း

အလုပ်ထဲကို တစ်ချိန်လုံး စိတ်တိုဒေါသထွက်ပြီး ဆူနေတတ်တာကြောင့် အလုပ်ထဲက ဝန်ထမ်းတွေအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်သွားတတ်ပါတယ်။

(၁၂) စိတ်ခံစားချက်ကို ဦးစားပေးခြင်း

အချက်အလက်ပေါ် အခြေမခံဘဲ စိတ်ခံစားမှုပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချတတ်သူတွေပါ။

(၁၃) အသင်းကို တည်ဆောက်မှု မရှိခြင်း

အလုပ်ထဲက ဝန်ထမ်းတွေကို လေးလေးစားစား ဆက်ဆံပြီး ပျော်ရွှင်အောင်ထားရင် သူတို့က အလုပ်အတွက် ကြိုးစားလုပ်ဆောင်ပေးပြီး အောင်မြင်အောင် လုပ်ပေးမှာပါ။ အဆိုးဆုံးသူဌေးတွေမှာ ဒီလိုအရည်အချင်း မရှိပါ ဘူး။

Most Popular

Healthy Life Ad
To Top