Healthy Life Ad
Life Style

ဖေ့စ်ဘွတ်ခ်တွင် အချက်အလက် တင်လွန်းခြင်းက အထီးကျန်သူဖြစ်ကြောင်း ပြသ

ကိုထက်

ဝိုးက တစ်နေ့လုံး ဖေ့စ်ဘွတ်၊ တွစ်တာနဲ့တခြား လူမှုကွန်ယက်တွေပေါ်ကို လှည့်ပတ်သုံးနေပြီး စာတွေ၊ ပုံ တွေနဲ့ ကွန်မင့်တွေကို အဆက်မပြတ်တင်နေတတ်သူ ဖြစ်ပါတယ်။ ဝိုးလိုလူတွေဟာ အထီးကျန်ဆုံးနဲ့ စိတ်ဓာတ်ကျနိုင်ခြေ အများဆုံးဖြစ်တယ်လို့ ဝေလနယ်ရှိ ချားလ်စ်စတာ့တက္ကသိုလ်ရဲ့ လေ့လာမှု အသစ်အရ သိရပါတယ်။

အမျိုးသမီး ၆၀ဝ ကျော်ကို လေ့လာခဲ့တဲ့အခါ ဖေ့စ်ဘွတ်ခ်မှာ သူတို့အကြောင်းတွေ အများဆုံး တင်လေ့ရှိသူ တွေထဲက တစ်ဝက်ဟာ အထီးကျန်နေခဲ့ကြကြောင်း တွေ့ရှိခဲ့ရပါတယ်။

“သူတို့က သူတို့အကြောင်းတွေကို မကြာခဏ တင်ရင် တခြားသူတွေနဲ့အလွယ်တကူ ထိတွေ့မှုရှိနိုင်တယ်လို့ ထင်ခဲ့ကြသလို ဖေ့စ်ဘွတ်ခ်ပေါ်တင်ရင်း သူတို့ခံစားနေရတဲ့ အထီးကျန်တဲ့ စိတ်ဝေဒနာကို ကျော်လွှားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်” ဟု လေ့လာသူတွေက ဆိုကြပါတယ်။

ဒါ့အပြင် ဓာတ်ပုံတင်တဲ့အခါ ‘Like’တွေကို အများကြီးရလိုတဲ့ အမျိုးသမီးတွေဟာလည်း အစာ စားသောက်မှု ဆိုင်ရာ ဝေဒနာခံစားရတတ်တယ်လို့ တခြားလေ့လာမှုအရ သိရပါတယ်။

Ref: HD

Most Popular

Healthy Life Ad
To Top