Healthy Life Ad
Health Tips

သိပ္ပံနည်းကျ လေ့လာမှုအရ တွေ့ရှိရသည့် ပျော်ရွှင်စေကြောင်း နည်းလမ်းများ

တရားထိုင်ပါ၊
ဦးနှောက်ကို ပြန်လည်တည်ငြိမ် စေပါတယ်။

ခရီးအတွက် စီစဉ်ပါ၊
မသွားရသေးဘဲနဲ့တောင် စိတ်ကြည်နူးနေမှာပါ။ မိသားစု၊ မိတ်ဆွေသူ ငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ၊ စိတ်အပန်းပြေ နေပါလိမ့်မယ်။

အလုပ်နဲ့နီးနိုင်သမျှ နီးတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ပါ၊
အလုပ်အသွားအပြန် ခရီးဝေးတာကြောင့်ဖြစ်တဲ့ ဖိစီးမှုလျော့သွားပါလိမ့်မယ်။

ရာသီဥတုသာယာတဲ့ နေ့ရက်တွေမှာ အပြင်ထွက်ပါ၊
ထီးဆောင်းဖို့တော့ မမေ့ပါနဲ့။

ပြုံးနိုင်ဖို့ လေ့ကျင့်ပါ
ပြုံးပါ၊ ပြုံးရင်း ပျော်လာပါလိမ့်မယ်။ အိပ်ရေးဝ၀ အိပ်စက်ပါ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ။

ကျေးဇူးတရားကို နားလည်ပါ
အကောင်းမြင်စိတ် ပိုရှိလာပါလိမ့်မယ်။

တခြားသူတွေကို ကူညီပါ။
တစ်ပတ်မှာ အချိန်နှစ်နာရီလောက် တခြားသူတွေကို အကူအညီပေးတာကြောင့် သင့်စိတ်ထဲမှာ တကယ်ပျော်ရွှင်နေရမှာပါ။

တစ်နေ့မှာ အနည်းဆုံး ခုနစ်မိနစ်ခန့် လေ့ကျင့်ခန်းလုပ်ပေးပါ။
စိတ်ခံစားမှုကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်း အထွက်တိုးတာကြောင့် ပျော်ရွှင်ရမှာပါ။

Most Popular

Healthy Life Ad
To Top