၊ လရိပ်မေ ၊
အေးမြတဲ့ ရာသီဥတုဟာ အစိုပြည်ဆုံး အသားအရေကိုတောင် အလွန်ခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းရာသီမှာ အသားပပ်တာ၊ အသားခြောက်တာနဲ့ အသားအရေ ထိခိုက်တာတို့ မဖြစ်စေဖို့ ကြိုတင်ကာကွယ်ထားရပါမယ်။
(၁) SPE ပါသည့် အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ
ဆောင်းတွင်းမှာ နေရောင်ခြည်ရဲ့ နွေးထွေးမှုကို မခံစားရရင်တောင် ခရမ်းလွန်ရောင်ခြည်အေနဲ့ ဘီအလင်းတန်းတွေက အလွန်ပြင်း
ထန်ပြီး အသားအရေကို ထိခိုက်စေနိုင်ပါတယ်။
(၂) ရေချိုးလျှင် ရေပူမသုံးသင့်ပါ
ဆောင်းတွင်းမှာ ရေပူနဲ့ရေမချိုးဘဲ ရေအေးနဲ့ ရေချိုးသင့်ပါတယ်။ ပူလွန်းတဲ့ ရေနဲ့ချိုးရင် အသားအရေကို ခြောက်သွေ့စေနိုင်လို့ပါ။
(၃) ရေသောက်ရန် မမေ့ပါနှင့်
အေးမြတဲ့ ရာသီဥတုမှာ ရေသိပ်မဆာတတ်ပေမယ့် အသားအရေက နွေရာသီလိုပဲ ရေဓာတ် လိုအပ်နေပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ ရေသောက်ပေးဖို့ မမေ့သင့်ပါဘူး။
(၄) အဆီအခြေခံသည့် အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ
အဆီအခြေခံ ဗီတာမင်စီနဲ့ ဗီတာမင်အီးတို့ ပါဝင်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးတာကြောင့် ရေဓာတ်အခြေခံ အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးတာထက် အသားအရေကို အချိန်ကြာကြာ စိုပြည် ချောမွေ့နေစေပါတယ်။
(၅) သဘာဝကို အားပေးပါ
အုန်းဆီ၊ ပျားရည်နဲ့ ရှားစောင်းတို့လိမ်းတာကြောင့် အသားအရေ နူးညံ့စေပါတယ်။ ၁၀ဝ ရာခိုင်နှုန်း သဘာဝပစ္စည်းစစ်စစ်တွေ သုံးပေးရင် ဆောင်းတွင်းမှာ အသားအရေ နူးညံ့ပြီး အနံ့သင်းပျံ့နေမှာပါ။
(၆) ဓာတုပစ္စည်းသုံးပြီး ကြေးမချွတ်ပါနှင့်
ခန္ဓာကိုယ်အရေပြားကို သံလွင်ဆီ၊ သံပရာရည်၊ ပင်လယ်ဆား စတာတွေနဲ့ ကြေးချွတ်ပွတ်တိုက်ပေးတာကို တစ်ပတ်နှစ်ကြိမ် လုပ်ပါ။ ဆောင်းတွင်းမှာ အသားအရေ ခြောက်သွေ့မှုကင်းပြီး စိုပြည်နူးညံ့နေမှာပါ။
(၇) လက်အိတ်စွပ်ပါ
အိုးခွက်ပန်းကန်တွေကို ဆေးကြောတဲ့အခါ၊ ကြမ်းတိုက်တဲ့အခါ ရာဘာလက်အိတ်စွပ်ပါ။ အေးမြတဲ့အခါ ချည်သားလက်အိတ်ဝတ်ရင် အေးမြခြောက်သွေ့တဲ့ လေဒဏ်နဲ့ ရေဒဏ်ကနေ ကင်းဝေးစေမှာပါ။
(၈) နှုတ်ခမ်းဆိုးဆေးအဆီ ဆိုးပါ
ခြောက်သွေ့တဲ့လေနဲ့ ပြင်းထန်တဲ့နေကြောင့် နှုတ်ခမ်းသားတွေ မထိခိုက်စေဖို့ နေကာနိုင်စွမ်း SPE ပါတဲ့ နှုတ်ခမ်းနီ ဆိုးပါ။ နှစ်ပတ်တစ်ကြိမ် နူးညံ့တဲ့ သွားတိုက်တံနဲ့တိုက်ပြီး ကြေးချွတ်ပေးဖို့ မမေ့ပါနဲ့။
(၉) လေထုစိုထိုင်းဆများပါစေ
လေထုစိုထိုင်းစေတဲ့ စက်ဟာ အသားအရေ ခြောက်သွေ့ယားယံမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပြီး လေထုရဲ့ အစိုဓာတ်ကို သိသိသာသာ ကောင်းမွန်စေပါတယ်။
(၁၀) ဝက်ခြံလိမ်းဆေးကို သတိထားပါ
ဆောင်းတွင်းမှာ ဝက်ခြံလိမ်းဆေးတွေလိမ်းရင် အသားအရေကို အလွန်အမင်း ခြောက်သွေ့စေတဲ့အတွက် သတိပြုဆင်ခြင်သင့်ပါတယ်။
(Ref;HD)