၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊
ပုစွန်ရဲ့ သဘောတရားက အကျက်မြန်ပါတယ်။ မီးအပူပေးရင် ခဏလေးနဲ့ အကျက်မြန်ပါတယ်။ ပုစွန်အသေကို စင်အောင်ဆေး၊ နည်းနည်းပြုတ်ပြီးမှ အချဉ်အရသာရအောင် သံပရာရည်ညှစ်ကာ သုပ်စားကြပါတယ်။ ပုစွန်စားရင်တော့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ ရရှိစေပါတယ်။ ပုဇွန်သုပ် ၁၀ဝ ဂရမ်မှာ ၈၉ ကယ် လိုရီ ပါဝင်ပါတယ်။
ပုစွန်အရှင်ကို သံပရာရည်ညှစ်ပြီး ဆမ်းစားတာကတော့ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ပုစွန်အရှင်မှာ ပိုးပါလာရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မစားသင့်ပါဘူး။ ပုစွန်အစိမ်းဆိုရင်တောင် သေချာဆေးပြီးမှ နည်းနည်းကျက်အောင် အပူပေးရမယ်၊ ပြီးမှ သုပ်စားသင့်တာ ဖြစ်ပါတယ်။