Healthy Life Ad
Child

အလီဘာဘာ တည်ထောင်သူဂျက်မား ( Jack Ma)၏ ဘဝသင်ခန်းစာမျှဝေချက်များ

ကိုမိုး

တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်၊ အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် အလီဘာဘာကို တည်ထောင်သူ ဂျက်မား (Jack Ma)က ဘဝအဓိပ္ပာယ် နဲ့ ပတ်သက်ပြီး လူငယ်တွေကို ဟောပြောဆွေးနွေးတဲ့ အကြောင်းအရာ ဗီဒီယိုကို ့Youtube မှာ တင်ထားခဲ့ရာ ကြည့်ရှူသူပေါင်း မြောက်များစွာ ရှိခဲ့ပါတယ်။ သူပြောခဲ့တဲ့အထဲက အတုယူဖွယ်ရာ ဘဝ သင်ခန်းစာတချို့ကို ဆီလျော်အောင် ပြန်ဆိုပြီး ကောက်နုတ်ဖော်ပြပေးလိုက်ပါ တယ်။

အမှားကနေ သင်ခန်းစာယူပါ
အမှားတိုင်းဟာ သင်တို့အတွက် အကျိုးရှိရာ အဖြစ်အပျက်အဖြစ်ရှိနေမှာပါ။ ကျွန်တော် ကိုယ်တိုင်လည်း အမှားကနေ သင်ခန်းစာယူသလို လူငယ်တွေကိုလည်း အဲဒီလိုပဲပြော လေ့ရှိပါတယ်။ ဒီအရွယ်မှာ မှားမှာကို မကြောက်ပါနဲ့။ ကိုယ်လုပ်ချင်တာကို လုပ်ပြီး လဲကျ ရင် ပြန်ထလိုက်ပါ။

အသက် ၂၀ အရွယ်
အသက် ၂၀ မတိုင်ခင်မှာ ကျောင်းတက်မှန်ပြီး စာတော်တဲ့ ကျောင်းသားအဖြစ် ရှိနေသင့်ပါတယ်။ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ချင်တယ်ဆိုရင် အတွေ့အကြုံတွေရှာပါ၊ သင်ယူပါ။

ကုမ္ပဏီသေးသေးတွင် အလုပ်ဝင်ပါ
အသက် ၃၀ အတွင်းမှာ တစ်ယောက်ယောက်ကို စံနမူနာထားပါ၊ သူ့ကို ကြည့်ပြီး သင်ယူ လေ့လာပါ။ ဖြစ်နိုင်ရင် ကုမ္ပဏီငယ်တစ်ခုမှာ အလုပ်ဝင်ပါ၊ ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်တယ်ဆိုရင် သူတို့ရဲ့ လုပ် နည်းလုပ်ဟန်နဲ့ လုပ်ငန်းစဉ်ကိုပဲ သင်ယူခွင့်ရပြီး အဲဒါရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်နေမှာပါ။ ကုမ္ပဏီသေး သေးမှာ အလုပ်လုပ်တဲ့အတွက် လူတွေရဲ့ စိတ်အားထက်သန်မှုတွေ၊ အိပ်မက်တွေကို လေ့လာခွင့်ရနိုင်ပါတယ်။ အဲဒီမှာဆိုရင် တစ်ချိန် တည်းမှာပဲ အလုပ်တွေ အများကြီးကို လုပ်နိုင်ပါလိမ့်မယ်။ အသက် ၃၀ အတွင်း လုပ်ငန်း ခွင်မှာ ဆရာကောင်း၊ သမားကောင်းနဲ့တွေ့ရင် အများကြီး သင်ယူလေ့လာနိုင်ပါတယ်။

အသက် ၃၀ နှင့် ၄၀ နှစ်ကြား
အသက် ၃၀ နဲ့ ၄၀ ကြားမှာတော့ စွန့်ဦးတီထွင် သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် ရှင်း ရှင်းလင်းလင်းနဲ့ သေသေချာချာ စဉ်းစားသင့်တာက ကိုယ့်အတွက် ကိုယ်လုပ်ရမယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။

အသက် ၄၀ နှင့် ၅၀ နှစ်ကြား
အသက် ၄၀ နဲ့ ၅၀ ကြားမှာတော့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ လုပ်ငန်းဆောင်တာကိုပဲ အာရုံစိုက်ပြီး လုပ် ဆောင်ပါ။ အဲဒီအချိန်ကျမှတော့ တခြားနယ်ပယ်တစ်ခုကို ကူးပြောင်းဖို့ မစဉ်းစားပါနဲ့၊ ကံကောင်းရင် အောင် မြင်ချင် အောင်မြင်လိမ့်မယ်၊ ဒါ ပေမဲ့ ကျရှုံးဖို့က သိပ်များနေပါတယ်။ ဒါ့ကြောင့် အဲဒီ အရွယ်မှာ ကိုယ်ပိုင်တာပဲ ကိုယ်လုပ်ပါ၊ အဲဒီအပေါ် မှာပဲ အာရုံစိုက်ပါ။

အသက် ၅၀ နှင့် ၆၀ နှစ်ကြား
အသက် ၅၀ နဲ့ ၆၀နှစ် ကြားမှာတော့ လူငယ် တွေအတွက် အလုပ်နေရာ ပေးပါ။ လူငယ်တွေ လုပ်တာက ကိုယ်လုပ်တာထက် အများကြီး ပိုကောင်းနိုင်ပါတယ်။ လူငယ်တွေကို အားထားပါ၊ ယုံကြည်ပါ၊ သူတို့အ တွက် ရင်းနှီးမြှုပ်နှံပါ၊ သူတို့တစ်တွေ တော်အောင် ပံ့ပိုးကူညီပါ။

အသက် ၆၀ကျော်
အသက် ၆၀ ကျော်လာရင်တော့ ကိုယ့်အတွက် အချိန်ပေးပါ၊ အေးအေးဆေးဆေး အနားယူပါ၊ ပင်လယ်ကမ်းခြေမှာ သက်သောင့်သက်သာ နေထိုင်ပါ။နောင်တရမနေပါနဲ့။ စဉ်းစားကြည့်ပါ၊ နောက်ထပ် ၁၀ နှစ်- အနှစ် ၂၀ နေရဦးမယ်ဆိုရင် ဘဝကို ပျော် ရွှင်စွာ ဖြတ်သန်းပါ၊ ကိုယ်ပိုင်တဲ့ ဘဝမှာ ရှင်သန်ပါ၊ သင်တို့အားလုံးလည်း ဒီလိုပဲ ရှင်သန်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top