Healthy Life Ad
Health Tips

မာလကာသီး၏ သင့်ခန္ဓာကိုယ်အပေါ် အကျိုးပြုပုံများ

၊  ငွေကြယ်စင်ယံ  ၊

နောက်တစ်ခါ ဈေးဝယ်ထွက်ရင် မာလကာသီးကို ဘာကြောင့် ထည့်ဝယ်သင့်သလဲဆိုတာ ကောင်းစွာ သဘောပေါက်နားလည်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

– ဆံပင်ကျွတ်ခြင်း

မာလကာသီးဟာ ဆံပင်သန်စွမ်းစေပါတယ်။ မာလကာသီးမှာ ဗီတာမင်စီပါဝင်တဲ့အတွက် ဆံပင်ကျွတ်တာကို မဖြစ်စေတာပါ။

– အသားအရေ

မာလကာသီးမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင်စီ နှစ်ဆခန့်ပါဝင်တာကြောင့် အရေပြားမှာ ကော်လာဂျင် ထုတ်လုပ်မှု အားကောင်းစေ ပြီး အသားအရေကို တင်းရင်းစေပါတယ်။ မာလကာသီးမှာ ရေဓာတ် ၈၁ ရာခိုင်နှုန်း ပါဝင်တာကြောင့် အသားအရေကို စိုပြည်စေပါတယ်။ မာလကာရွက်ကို ရေနည်းနည်းနဲ့ရောပြီး ထိခိုက်နေတဲ့ အသားအရေပေါ် သုတ်လိမ်းလိုက်တဲ့အခါ ဆားဝက်ခြံတွေ ကင်းစင်သွားပါတယ်။ ဒါ့အပြင် ဝက်ခြံနဲ့အမည်းစက်တွေကို သက်သာစေပါတယ်။ မာလကာရွက်မှာ ဓာတ်မတည့်မှုကို ပိတ်ပင်ဟန့်တားပေးတဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် ယားယံတဲ့ဝေဒနာကို သက်သာစေပါ တယ်။ မာလကာသီးမှာ ဗီတာမင်အေ၊ ဘီနဲ့စီတို့အပြင် ပိုတက်ဆီယမ်လည်း ပါဝင်မှုများတဲ့အတွက် အသားအရေကို အင်တီအောက်ဆီးဒင့်ရရှိစေပြီး မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်စွမ်း ရှိပါတယ်။

– ဦးနှောက်နှင့် အာရုံကြော

မာလကာသီးစားတာကြောင့် သွေးလှည့်ပတ်စီးဆင်းမှု ကောင်းစေပြီး အာရုံကြောတွေ အနားရကာ ဦးနှောက်လုပ်ငန်းဆောင်တာကို ကျန်းမာစေပါတယ်။ မာလကာသီးမှာ ဗီတာမင် B3 နဲ့ B6 ပါဝင်တာကြောင့် ဦးနှောက်ကို အားပြည့်စေပါတယ်။ ဗီတာမင် B6 ဟာ အာရုံကြောတွေကို အပန်းပြေစေပါတယ်။

– အာရုံကြောနှင့် ကြွက်သားများ

မာလကာသီးမှာ သိုလှောင်ထားတဲ့ တခြား သတ္တုဓာတ်တစ်မျိုးက မဂ္ဂနီဆီယမ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ ကြွက်သားတွေကို အပန်းပြေ   စေပြီး စွမ်းအင်အားကောင်း စေပါတယ်။ မဂ္ဂနိစ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အာဟာရဓာတ ်စုပ်ယူနိုင်စွမ်းကို တိုးစေပါတယ်။

– သွေးဖိအား

မာလကာသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

– မျိုးအောင်နိုင်စွမ်း

မျိုးအောင်နိုင်စွမ်း ကောင်းစေတဲ့ ဖောလိတ်ဓာတ်ကို မာလကာသီးမှာ တွေ့ရပါတယ်။

– မျက်စိ

မာလကာသီးဟာ မုန်လာဥနီလိုပဲ ရက်တီနော ပါဝင်မှုများတဲ့ အစာပါ။ ရက်တီနော ဒါမှမဟုတ် ဗီတာမင်အေက မျက်စိအမြင်အာရုံကို   ကောင်းမွန်စေပါတယ်။

– အမျှင်ဓာတ်

အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ် မြင့်တက်မှုမဖြစ်အောင် ထိန်းချုပ်ပေးနိုင်တဲ့အရာပါ။ အမျှင်ဓာတ်ဟာ အစာခြေလမ်းကြောင်းစနစ် ကျန်းမာရေ ကို ကောင်းမွန်စေပြီး အစာခြေလမ်းကြောင်းစနစ်ကို  သန့်စင်စေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top