Healthy Life Ad
Q & A

ဆီးကျန်သလို ခံစားရတယ် . .

Q. ဆီးသွားပြီးရင် ဆီးကျန်သလို ခံစားရတာ၊ ဆီးစပ်က တင်းနေတာ ဘာကြောင့်ပါလဲ။ ရာသီလာချိန်မှာ ပိုဆိုးတတ်တယ်လို့ သတိထားမိနေလို့ပါ ဆရာ။ အဲဒါ ဆက်စပ်မှု ရှိပါသလား ဆရာ။
သီရိ၊ တောင်ဥက္ကလာ။

ဒေါက်တာမိုးအောင်ကျော်နိုင် အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး ဖြေကြားသည်။

A. တစ်ခါတလေ ဆီးသွားပြီး နောက်တစ်ခေါက် ဆီးသွားချင်နေတာကို ကိုယ်က ဆီးကျန်တယ်လို့ ထင်တာ ဖြစ်ပါတယ်။များသောအားဖြင့် ဒါကဆီးပိုးဝင်တာနဲ့ တွဲတတ်ပါတယ်။ အမျိုးသမီးတွေမှာ ကလေးအများကြီး မွေးထားတဲ့အခါ သားအိမ်ကျတယ် ဆိုရင်ဆီးကျန်တတ်တယ်။ ဒါက တကယ်ဆီးကျန်တာပါ။ ဆီးကျန်တယ်လို့ ခံစားရတဲ့ လူငယ်ပိုင်းဆိုရင် ဆီးအိမ်ရောင်လို့ ဆီးကျန်တယ်လို့ ခံစားနေရတာပါ။ အမှန်တကယ်က ဆီးမကျန်ပါဘူး။

အခုမေးထားတဲ့သီရိက အပျိုဖြစ်မယ်၊ မျိုးပွားနိုင်တဲ့အရွယ်ဖြစ်မယ် ဆိုရင်တော့ ဆီးကျန်သလို ခံစားရတာက ဆီးအိမ် ရောင်လို့ ခံစားရတဲ့ လက္ခဏာဖြစ်မယ်လို့ ဆရာထင်ပါတယ်။ဆီးစပ်မှာ တင်းတင်းနေတာက ကျန်တဲ့အချိန်မှာ ဘာမှမဖြစ်ဘဲ ရာသီပေါ်ချိန်ကျမှဖြစ်တယ်ဆိုရင် ရာသီပေါ်ခါနီးဖြစ်တဲ့ ဝေဒနာလက္ခဏာစုထဲကတစ်ခု လို့ပဲဆိုရမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ တချို့ပြင်းပြင်းထန်ထန် ဗိုက်နာတယ်၊ ဆီးစပ်တင်းတယ်ဆိုရင် Mefanamic Acid လို အကိုက်အခဲပျောက်ဆေး သောက်ဖို့လိုပါတယ်။ တချို့ဆိုရင် အလုပ်မသွားနိုင်ဘဲ အိမ်မှာနားနေရတာမျိုးတောင် ရှိပါတယ်။

ရာသီပေါ်ချိန်မဟုတ်ဘဲ ဆီးစပ်တင်းတယ်ဆိုရင်၊ ဆီးကျန်တာ၊ ဆီးပူတာ၊ ဆီးမကြာခဏသွားတာ စတဲ့ဝေဒနာတွေနဲ့ တွဲဖြစ်နေတယ်ဆိုရင် ဆီးလမ်းကြောင်း ပြဿနာ တစ်ခုခုရှိ၊မရှိ သေချာစစ်ဆေးကြည့်ဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top