Healthy Life Ad
Local

ဘီပိုးကူးစက်မှုကြောင့် သွေးလှူခွင့် မဆုံးရှုံးစေရန် သွေးလှူရှင်များကို ကာကွယ်ဆေးအခမဲ့ထိုးနှံပေး

ဒေါက်တာထိန်အခမဲ့ဆေးခန်းသည် ၁၅-၁၁-၂၀၁၅ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ကျောက်ခွဲစက်ဝန်း အတွင်းရှိ “မေတ္တာဖြင့် သွေးလှူရှင်” အဖွဲ့သူ၊ အဖွဲ့သား ၂၀ဝ ကျော်ကို အသည်း ရောင်အသားဝါ ဘီပိုး ကာကွယ်ဆေး အခမဲ့ထိုးနှံ ပေးခဲ့ရာ သွေးလှူရှင်အချို့သည် အသည်းရောင်အသားဝါ ဘီပိုးနှင့် အခြားပိုးများကူးစက်ခံရမှုကြောင့် သွေးလှူခွင့်မရတော့ခြင်းမျိုးမဖြစ်စေရန် ရည်ရွယ်ကြောင်း အဆိုပါအခမဲ့ဆေးခန်းတည်ထောင်သူဒေါက်တာထိန်ဝင်းကပြောကြားခဲ့သည်။

“သွေးလှူရှင်အသင်းတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုက သွေးလှူရှင်တွေဟာ အမြဲသွေး လှူနေရာကနေ အဖွဲ့ဝင်တချို့ တဖြည်းဖြည်း မသိမသာလျော့ပါးလာကြတာပဲဖြစ်ပါတယ်။အဲဒီ့ထဲကရာခိုင်နှုန်းတချို့ကတော့ အသည်းရောင်အသားဝါဘီပိုးနဲ့တခြားပိုးတွေရှိတာ၊ ကူးစက်ခံရတာကြောင့် သွေးလှူခွင့်မရကြတော့ပါဘူး။ အဲဒီမှာ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ အချက်တချက်က အသည်းရောင် အသားဝါ ဘီပိုးကာကွယ် ဆေးထိုးထားလိုက်ရင် သွေးလှူရင်တချို့သွေးလှူခွင့် မဆုံးရှုံးနိုင်တော့ဘူး လို့ မြင်မိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ Dr Htein’s Clinic အခမဲ့ဆေးခန်းအနေနဲ့လက်လှမ်းမှီတဲ့ သွေးလှူရှင် အသင်းအဖွဲ့သားကို အသည်းရောင်အသားဝါဘီ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးပြီး ကာကွယ်ဆေးအခမဲ့ထိုးနှံပေးနေတာဖြစ်ပါတယ်” ဟု ဒေါက်တာထိန်ဝင်းကပြောသည်။

သွေးလှူရှင်ဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ သက်ရှိဒေါက်တိုင်တစ်ခုဖြစ်ပြီး သွေးကို နည်းပညာဖြင့် သွေးတုမဖန်တီးနိုင်သေးသည့်အချိန်အထိ သွေးထွက်ဒဏ်ရာရသူ လူနာများ၊ ခွဲစိတ်ခန်းလူနာများ၊ သွေးကင်ဆာရှိသူများနှင့် အ ခြားသော နည်းအမျိုးမျိုးဖြင့် သွေးလိုသူလူနာများ အတွက် သွေးလှူရှင်က မရှိမဖြစ် လိုအပ်နေမည် ဖြစ်ကြောင်း၊ အဆိုပါသွေးလှူရှင်များကို သွေးလှူဒါန်းလိုသည့် ပရဟိတစိတ်ထား ရှင်သန်နေစေရန် နှင့် သူတို့သွေးများအစဉ်အမြဲသန် ့နေစေရန်တတ်စွမ်းသလောက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ဒေါက်တာထိန်ဝင်းက ပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top