Healthy Life Ad
Q & A

စိတ်ကောက်လွန်းတဲ့ ချစ်သူ . .

ဒေါက်တာဦးဇော်စိန်လွင် ဆေးရုံအုပ်ကြီး (ငြိမ်း)
စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဖြေကြားသည်။

Q. ကျွန်တော့်ချစ်သူက စိတ်အရမ်းကောက်တတ်ပါတယ် ဆရာ၊ ကျွန်တော့်တစ်ယောက်တည်းအပေါ်တင်မကဘဲ သူနဲ့ ပတ်သက်ဆက်နွှယ်နေရတဲ့ သူတိုင်းအပေါ် သူ အလိုမကျတိုင်း စိတ်ကောက်နေပါ တယ်။ သူ့မိဘတွေအပေါ်မှာလည်း အလိုမကျတိုင်း မကြာခဏ စိတ်ကောက်တတ်ပါတယ်။ အဲဒါကို ဘယ်လို ပြုပြင်ပေးသင့်ပါသလဲ ဆရာ။
ကိုကျော်ကြီး (FB)

A. စိတ်ကောက်ခြင်းကို လေ့လာကြည့်လိုက်တဲ့ အ ခါ စိတ်ကောက်တဲ့ လူတွေမှာ ငယ်ငယ်တုန်းကနေ ကြီးပြင်းလာတဲ့ ဘဝတစ်လျှောက်မှာ သူရဲ့ အလိုဆန္ဒ တွေကို ပြည့်ပြည့်ဝ၀ မရခဲ့လို့ရှိရင် သူက စိတ် ကောက်ပြီး ရယူတတ်တဲ့ အကျင့်ရှိပါတယ်။ စိတ် ကောက်ပြီး ရယူတတ်တဲ့ အလေ့အကျင့်ရှိတော့ စိတ် ကောက်လိုက်ရင် ရမှာပဲ ဆိုတာကို စွဲသွားပြီး သူ့လို ဘကို စိတ်ကောက်ပြီး ဖြည့်တတ်တဲ့ အလေ့အထ ရှိသွားပါတော့တယ်။ ဒီလို စိတ်ကောက်တာက ရောဂါမဟုတ်ပါဘူး၊ အလေ့အကျင့်ပါ၊ ကိုယ်ရည်ကိုယ် သွေးပြောင်းလဲမှုပါ။

စိတ်ကောက်တတ်တဲ့သူတွေကို စိတ်မကောက်အောင် ပြုပြင်တဲ့အခါမှာ တစ်အချက်အနေနဲ့စိတ်ကောက်တာက အကျိုးမရှိဘူးဆိုတဲ့ အချက်ကို သူ ကိုယ်တိုင် နားလည်လက်ခံသဘောပေါက်လာအောင် ဆွေးနွေးတိုင်ပင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။

နှစ်အချက်အနေနဲ့ စိတ်ကောက်တဲ့နည်းနဲ့ လို အင်ဆန္ဒ ပြည့်စုံအောင် လုပ်မယ့်အစား တခြားနည်း လမ်းတွေရှိတယ်ဆိုတဲ့ ရွေးချယ်မှုတွေကိုသူသိ အောင် ရွေးချယ်လုပ်ဆောင်ခိုင်းရပါမယ်။ဒီနှစ်ချက်နဲ့ ဘေးက လူတွေက ဝိုင်းထိန်းပေးရင် အလိုလို ပြေ လည်သွားပါလိမ့်မယ်။

ငယ်စဉ်မှာ ကလေးတွေက သူတို့လိုချင်တာ မရလို့ စိတ်ကောက်တဲ့အခါ စိတ်ကောက်ပြေရင် ပြီးရော ဆိုပြီး သူလိုချင်တာကို မပေးရပါဘူး။ ဒါက သူရဲ့ စိတ်ကောက်တဲ့ အပြုအမူကို အားပေးရာ ရောက်သွားပါတယ်။

Most Popular

Healthy Life Ad
To Top