Healthy Life Ad
Q & A

၀မ်းချုပ်တယ်. .

ပါမောက္ခဦးအေးမွန် ခွဲစိတ်အထူးကု ဆရာဝန်ကြီးမှ ဖြေကြားပေးပါသည်။

မေး.ကျွန်တော်က အရင်ကတည်းက ဝမ်းချုပ်တတ်ပါတယ်ဆရာ။ ဝမ်းချုပ်တော့ နေလို့မကောင်းတာနဲ့   ဝမ်းမှန်မှန်သွားအောင် မြန်မာဆေးဒါမှမဟုတ် အင်္ဂလိပ်ဆေးတွေသောက်လိုက်၊ ဝမ်းချူ ဘူးသုံးလိုက် လုပ်ဖြစ်ပါတယ်။ အဲဒီလိုလုပ်တာတွေက ကြာလာရင် ဘာဖြစ်တတ်ပါသလဲဆရာ။

ထွန်းထွန်း၊ ရန်ကင်း။

ဖြေ.မြန်မာဆေးတွေ၊ အင်္ဂလိပ်ဆေးတွေကို နှစ်နဲ့ချီပြီး စားလာတဲ့အခါ အူတွေက သူ့အလိုလို မညှစ်တော့ပါဘူး။ ဝမ်းသွားဖို့   ဆေးကိုပဲမှီခိုတဲ့ အနေအထား ဖြစ်သွားပါတယ်။ ဝမ်းချူတာကလည်း ဒီသဘောပါပဲ။ အသက်ကြီးသူတွေ ဝမ်းချူတာထက် အသက်ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ဝမ်းချူတဲ့ အကျင့်ဖြစ်သွားရင် ပုံမှန်အတိုင်း အူလှုပ်ရှားမှုမရှိတော့ဘဲ ဝမ်းချူ မှပဲဝမ်းသွားသလို  ဖြစ်သွားပါတယ်။

သဘာဝအတိုင်း ဝမ်းသွားတာကပဲ ကောင်းပါတယ်။ ဒီလိုအကျင့်တွေရှိရင် အူကအလိုလို မညှစ်တော့တဲ့အတွက် ဒါတွေကို တစ်သက်လုံး မှီခိုရသလို ဖြစ်သွားတတ်ပါတယ်။ ကလေးဘဝကတည်းက ပုံမှန်ဝမ်းသွားတတ်တဲ့ အကျင့်လုပ်ပေးရပါမယ်။ ဝမ်းသွားတဲ့အခါ တွေးချင်တာတွေး၊ သတင်းစာတွေဖတ် . .  အဲဒီလိုတွေမလုပ်ဘဲ ဝမ်းသွားတာကို  သေချာအာရုံစိုက်ပြီး သွားပေးရပါမယ်။ ဝမ်းမသွားလို့ ဝမ်းနုတ်ဆေး တစ်လုံးစား၊ နှစ်လုံးစားနဲ့ ဆေးတွေတဖြည်း   ဖြည်းများလာတဲ့အခါ အူကအလိုလို မညှစ်တော့ဘဲ ဝမ်းကပိုချုပ် လာတတ်ပါတယ်။ ဝမ်းချုပ်တာကြာလာရင် လိပ်ခေါင်းရောဂါ၊ စအိုကွဲတာ၊ အူကင်ဆာ စတာတွေ   ဖြစ်လာတတ်ပါတယ်။ ဝမ်းချုပ်တာ တစ်ခါတလေဆိုရင် ဝမ်းနုတ်ဆေးသောက်တာ ဘာမှမဖြစ်ပေမယ့် ကြာလာရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝအတိုင်း ဝမ်းသွားအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top