Healthy Life Ad
Health Tips

အကြားအာရုံဆုံးရှုံးမှု မဖြစ်စေဖို့ ဘာတွေ ဆင်ခြင်ရမလဲ

၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊

အကြားအာရုံ ဆုံးရှုံးမှုက အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တတ်ပါတယ်။ လူကြီးမိဘ တွေသာမက ကလေးငယ်တွေပါ အကြားအာရုံ ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် ငယ်စဉ်ကတည်းက ဂရုစိုက်သင့်ပါတယ်။

ဆူညံသံကြောင့် အကြားအာရုံ ဆုံးရှုံးမှု မဖြစ်စေရန်

– အနှောင့်အယှက်ပေးတဲ့ ဆူညံသံကို သတိထားပါ။ အလုပ်မှာ၊ အိမ်မှာနဲ့ သင်အချိန်များများ နေထိုင်တဲ့ နေရာမှာ ဆူညံသံတွေ ကြားနေရရင် သတိထားဖို့ လိုပါတယ်။

– ဆူညံသံတွေ ကြားနေရရင် နားအကြားအာရုံကို ကာကွယ်ပေးတဲ့ ကိရိယာတစ်မျိုး တပ်ဆင်ထားပါ။ ဥပမာ နားကြပ် ဒါမှမဟုတ် ဂွမ်းတပ်ထားပါ။

– ဖြစ်နိုင်ရင် အသံအကျယ်ကို ထိန်းချုပ်ပါ။ တီဗီဖွင့်တဲ့ အခါ၊ ရေဒီယိုဖွင့်တဲ့ အခါ၊ သီချင်းနားထောင်တဲ့ အခါ၊ အထူးသဖြင့် နားကြပ်တပ်ပြီး တေးသီချင်း နားထောင်တဲ့အခါ အသံအကျယ်ကို တတ်နိုင်သမျှ လျှော့ပြီး နားထောင်သင့်ပါတယ်။
အကြားအာရုံ ဆုံးရှုံးမှုအန္တရာယ် လျှော့ချနိုင်ရန်

– နားယားတဲ့အခါ ကုတ်ခြစ်တဲ့ သဘောနဲ့ပဲ ဖြစ်ဖြစ်၊ နားဖာချေးကို ထုတ်ယူဖို့ ကြိုးစားတဲ့ သဘောနဲ့ဖြစ်ဖြစ် နားကြပ်တံ၊ ဆံညှပ်၊ မီးခြစ်ဆံ စတာတွေကို ထည့်ပြီး မကလော်ပါနဲ့။

– လေယာဉ်စီးတဲ့ အခါ အတက်အဆင်း လုပ်ချိန်တွေမှာ တံတွေးမျိုချတာ၊ သမ်းဝေတာ စတာတွေကို လုပ်ဆောင်ပေးပါ။ သင့်မှာ အအေးမိတာ၊ တုပ်ကွေး ကွေးတာ၊ နှာခေါင်းမြှေး ရောင်ရမ်းနာ စတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာ တစ်မျိုးမျိုးရှိရင် လေယာဉ်မစီးခင် နှစ်နာရီအကြာမှာ နှာပိတ်ပျောက်ဆေး (Decongestant) မှီဝဲသင့်ပါတယ်။

– ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ် သောက်သူတွေက အကြားအာရုံ ဆုံးရှုံးနိုင်ခြေ ပိုများပါတယ်။

– ကလေးတွေကို အဆုတ်အအေးမိ ရောဂါကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး စတာတွေ ထိုးပေးထားပါ။

(Ref;RD)

Most Popular

Healthy Life Ad
To Top