Healthy Life Ad
Health Tips

ချွေးထွက်ခြင်း၏ ကျန်းမာရေး ကောင်းကျိုးများ

၊ ကိုထက် ၊
ချွေးထွက်တာက ကိုယ်အပူချိန်ကို ထိန်းချုပ် ပေးနိုင်ရုံသာမက ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ကောင်းကျိုးတွေကိုပါ ရရှိစေပါတယ်။
(၁) အရေပြား ကူးစက်ပိုးဝင်ခြင်းကို သက်သာစေနိုင်
အက်ခရိုင်း ချွေးဂလင်းတွေက ချွေးနဲ့အတူ ပိုးသေစေတဲ့ ဓာတ်တွေ ထွက်ရှိစေပြီး အရေပြား မျက်နှာပြင်ရှိ ဘက်တီးရီးယား အမျိုးမျိုးကို လျော့ကျ စေပါတယ်။ ဒါက အရေပြား ကူးစက်ပိုးဝင်တဲ့ အန္တရာယ်ကို လျော့ပါး စေနိုင်ပါတယ်။
(၂) အဆိပ်အတောက်များ စွန့်ထုတ်ပေးနိုင်
အရေပြားဟာ ကျောက်ကပ်၊ အသည်းနဲ့ အူမကြီးလိုပဲ ခန္ဓာကိုယ်က အန္တရာယ်ရှိတဲ့ စွန့်ပစ် ပစ္စည်းတွေနဲ့ အဆိပ်အတောက်တွေကို ထွက်ရှိစေပါတယ်။ အရေပြားဟာ ချွေးကနေတစ်ဆင့် အဆိပ်အတောက်နဲ့ မသန့်စင်မှုတွေကို စွန့်ထုတ်နိုင်တဲ့ အကြီးဆုံး အင်္ဂါအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။
(၃) ဆီးကျောက်ဖြစ်နှုန်း လျော့ကျစေနိုင်
လေ့ကျင့်ခန်း လုပ်သူတွေက ချွေးထွက်နှုန်း ပိုများတဲ့အတွက် ရေများများ သောက်ပေးရပါတယ်။ အဲဒီအတွက် ဆီးကျောက်တည်နှုန်း လျော့ကျ သွားပါတော့တယ်။
(၄) ကိုယ်နံ့ ပျောက်စေနိုင်
ကိုယ်နံ့ မကောင်းတာက ခန္ဓာကိုယ်က ထုတ်လိုက်တဲ့ အဆိပ်အတောက်တွေနဲ့ ဆက်စပ် နေပါတယ်။ ချွေးထွက်တာကြောင့် ဒီ အဆိပ်အတောက်တွေကို ကင်းစင်စေတဲ့အတွက် ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်ရင်း လုပ်ရင်း အဆိပ်အတောက် ကင်းစင်ကာ ကိုယ်နံ့ဆိုးတာ ပျောက်သွားမှာပါ။
(၅) စိတ်ခံစားမှုကို ထိန်းချုပ်စေနိုင်
ချွေးထွက်အောင် လေ့ကျင့်ခန်း လုပ်တဲ့အခါ ဦးနှောက်ထဲက တချို့ အစိတ်အပိုင်းတွေမှာ တွေ့ရတဲ့ လျှပ်စီး ပတ်လမ်းကြောင်းတွေကို လှုံ့ဆော်ပေးပါတယ်။ အဲဒီ လျှပ်စီး ပတ်လမ်းကြောင်းတွေက စိတ်ခံစားမှုကို ထိန်းချုပ်ပေးပြီး ပျော်ရွှင် အပန်းပြေစေတဲ့ ခံစားချက် ဖြစ်စေပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top