Healthy Life Ad
International

ပြုပြင်ထားသည့် အနီရောင်အသားက စီးကရက် ကဲ့သို့ပင် ကင်ဆာဖြစ်စေနိုင်ဟု WHO ထုတ်ပြန်

အာဆင်းနစ်နှင် ့ကျောက်ဂွမ်းတို့ကဲ့သို့ ကင်ဆာ ဖြစ်စေနိုင်သော အရာများတွင် တာရှည်ခံစေရန် ပြုပြင်ထားသော အသားများလည်း ပါဝင်ကြောင်း နိုင်ငံတကာ ကျန်းမာရေး ကျွမ်းကျင်သူတို့က ဆိုသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ကလည်း လတ်ဆတ်သော အနီရောင်အသားကို ကင်ဆာဖြစ်စေသည့် စာရင်းထဲ ထည့်ထားကာ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်နှင့် အသားဘာဂါကဲ့သို့ ပြုပြင်ထားသည့် အသားများထက် ကင်ဆာဖြစ်နိုင်ခြေ အနည်းငယ်သာ အန္တရာယ်နည်းပါးကြောင်း ထုတ်ပြန်လိုက်သည်။

ထိုသတင်းကြောင့် အသားထုတ်လုပ်သည့် စက်ရုံများ ထိတ်လန့်သွားခဲ့သည်။ WHO အနေဖြင့် ပြီးခဲ့သောနှစ်က သကြား အလွန်အမင်း စားသုံးမှုအကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့သဖြင့် သကြား အရောင်းကျသွားခဲ့သည်။

ကျန်းမာရေးဌာနမှ အကြံပြုသူတို့က ပြုပြင်ထားသော အသားနှင့် လတ်ဆတ်သော အသားတို့ကို ကင်ဆာဖြစ်နိုင်ဖွယ်ရာ ရှိသည်ဟု ဆိုထားသော် လည်း WHOက ပြုပြင်ထားသော အနီရောင် အသားတို့သည် စီးကရက်နှင့် အရက်တို့နည်းတူ ကင်ဆာဖြစ်စေနိုင်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

လတ်တလောညွှန်ကြားချက်အရအရွယ်ရောက် သူတို့သည် တစ်နေ့လျှင်အနီရောင်အသား ၇၀ ဂရမ်ထက် ပိုမစားရန်နှင့် ပြုပြင်ထားသော အသားများကို ရှောင်ရှားရန် ထည့်သွင်းဖော်ပြထားသည်။

Most Popular

Healthy Life Ad
To Top