Healthy Life Ad
International

ကမ္ဘာ့အချောဆုံး ကလေးမော်ဒယ်လ် ခရစ္စတီနားပီမင်နိုဗာ

၊ လရိပ်မေ ၊
၁၇-၁၂-၂၀ဝ၅ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မော်စကိုသူလေး ခရစ္စတီနားပီမင်နိုဗာဟာ ငယ်စဉ်ကတည်းက ကမ္ဘာ့အငယ်ဆုံး ကလေးမော်ဒယ်အဖြစ် နာမည် ကျော်ကြားခဲ့သူပါ။ တချို့ကလည်း ကမ္ဘာ့အချောဆုံး အလှဆုံး မိန်းကလေးအဖြစ် တင်စားကြပါတယ်။အသက် ၁၀ နှစ်တောင် မပြည့်သေးတဲ့ ခရစ္စတီနားကို ရှရှားနိုင်ငံ၊ မော်စကိုမြို့မှာ မွေးဖွားခဲ့ပြီး ဖခင်ဖြစ်သူဟာ ဘောလုံးသမားတစ်ယောက် ဖြစ်ပါတယ်။ မိခင်ကလည်း မော်ဒယ်အဖြစ် လုပ်ခဲ့ဖူးပါတယ်။ ခရစ္စတီနား သုံးလသမီးအရွယ်မှာ သူတို့မိသားစု ပြင်သစ်ကို ပြောင်းခဲ့ကြပါတယ်။
ခရစ္စတီနားဟာ ၂၀ဝ၉ ခုနှစ်မှာ စတင်ပြီး မော်ဒယ်အလုပ်ကို လုပ်ခဲ့သူပါ။ အပြာရောင် မျက်လုံးလေးတွေနဲ့ ရွှေရောင်ဆံပင်က အရုပ်လေးအလား ထင်မှတ်ရပါတယ်။ ကမ္ဘာ့အသက်အငယ်ဆုံး မော်ဒယ်အဖြစ် ကုမ္ပဏီပေါင်းများစွာနဲ့ စာချုပ် ချုပ်ထားပါတယ်။ ကမ္ဘာ့ချန်ပီယံဟောင်း တစ်ယောက်ဆီမှာ အလှပြ ဂျွမ်းဘား အားကစားနည်းကို သင်ယူနေပါတယ်။Instagram နဲ့ Facebookမှာ ကိုယ်ပိုင် account ဖွင့်ထားပြီး မိခင်ဖြစ်သူက အသုံးပြုပေးနေတာ ဖြစ်ပါတယ်။
(Ref;wiki)

Most Popular

Healthy Life Ad
To Top