Healthy Life Ad
Health Tips

မျက်နှာကို ရေနွေးငွေ့ဖြင့် ပေါင်းတင်ပါ

၊ လရိပ်မေ ၊

မျက်နှာကို ရေနွေးငွေ့နဲ့ ပေါင်းတင်ပေးတာကြောင့် မျက်နှာရှိချွေးပေါက်တွေ ပွင့်စေပြီး အသားအရေကြည်လင်ရှင်းသန့်စေပါတယ်။

(၁) မျက်နှာအသားအရေကို ကြည်လင်အောင် သန့်စင်လိုက်ပါ။ ဆံပင်တွေကို မျက်နှာနဲ့ နဖူးပေါ် လုံးဝမကျအောင် စည်းနှောင်ထားပါ။

(၂) ရေကို အငွေ့ထတဲ့အထိ ဆူအောင်တည်ပါ။

(၃) ဆူပွက်နေတဲ့ ရေကို ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး ခေါင်းနဲ့ ပန်းကန်လုံးပေါ်မှာ တဘက် တစ်ထည်အုပ်လိုက်ပါ။

(၄) မျက်နှာကို ရေနွေးငွေ့နဲ့ ၁၂ လက်မ အကွာမှာ ထားလိုက်ပါ။ အပူဒဏ်နဲ့ မနီးကပ်လွန်းစေပါနဲ့။ နီးလွန်းရင် သွေးစီးဆင်းလည့်ပတ်မှုများပြီး အရေပြားအောက်က ဆံချည်မျှင်အိတ်တွေကို ထိခိုက်စေနိုင်လို့ ဖြစ်ပါတယ်။

(၅) ပြီးရင် မျက်နှာချွေးပေါက်တွေ ပြန်ကျဉ်းသွားအောင် ရေအေးနဲ့ ပက်ဖျန်းပေးပါ။ နောက်ဆုံးမှာ အစိုဓာတ် ထိ်န်းခရင်မ်လိမ်းပေးလိုက်ရင် မျက်နှာ ကြည်လင်စိုပြည်နေစေပါလိမ့်မယ်။

(Ref ; HD)

Most Popular

Healthy Life Ad
To Top